All posts by Ricky Soe

Data Journalism TOT သင်တန်းပြုလုပ်မည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) နှင့် United Nations Population Fund (UNFPA) တို့ ပူးပေါင်းပြီး Data Journalism TOT သင်တန်းတစ်ခု ကို မေလ ၂ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ တစ်ပတ်လျှင်သင်တန်းရက် ၅ ရက်ဖြင့် လေးပတ်ကြာကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

သို့ပါသောကြောင့် စိတ်ပါဝင်စားသူများ အောက်ပါ email လိပ်စာ သို့ ဧပြီလ၂၅ ရက်နေ့ မတိုင်မီ ပေးပို့လျှောက်ထားနိုင်ပါသည်။

communications@mjimyanmar.org

-ပေးပို့လျှောက်ထားမည့် သူများသည် သတင်းလုပ်သက် ငါးနှစ် (သို့) သတင်းသင်တန်းပို့ချသည့် လုပ်သက် ၂ နှစ်အထက် ရှိရမည် ဖြစ်သည်။
-သင်တန်းသားအကန့်အသတ်ရှိသောကြောင့် လျှောက်လွှာများအား ပြန်လည်စစ်ဆေးပြီးမှသာ သင်တန်းတက်ခွင့်ရ၊ မရ အား အကြောင်းပြန်မည် ဖြစ်ပါသည်။

Radio Reporting သင်တန်း ပြုလုပ်မည်

မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute- MJI) က ရေဒီယိုသတင်းပေးပို့ခြင်း သင်တန်း ပြုလုပ်မည်ဖြစ်ရာ စိတ်ပါဝင်စားသူ အခြေခံသတင်းစာပညာ သင်ကြား တတ်မြောက်ပြီးသော သတင်းစာဆရာများ လျှောက်ထားနိုင်ပါသည်။

အဆိုပါ သင်တန်းတွင် ရေဒီယိုသတင်းသမားတစ်ယောက် တတ်သိထားသင့်သော အောက်ပါ သင်ခန်းစာများကို သင်ကြားပို့ချသွားမည် ဖြစ်သည်။

  • What’s the specificity of the radio media?
  • How to write a good radio news piece?
  • Identify the 5 W’s and the How
  • Using radio recorder and microphone
  • How to record a good ambiance sound?

လက်တွေ့သတင်းထုတ်လုပ်ခြင်း ပါဝင်မည့် အဆိုပါသင်တန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။ သင်တန်းအချိန်မှာ နေ့စဉ် နံနက် ၉း၀၀ နာရီမှ မွန်းလွဲ ၁း၀၀ နာရီအထိ ဖြစ်သည်။

အဆိုပါ သင်တန်းကို ပြင်သစ်နိုင်ငံမှ ရေဒီယိုသတင်းထောက် JérômeBoruszewski က သင်ကြားပို့ချပေးသွားမှာ ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဤ Link တွင် လျှောက်လွှာဖောင် ဒေါင်းလုပ်ချပြီး ဒီဇင်ဘာ ၂ ရက် ညသန်းခေါင်ယံ ၁၂ နာရီ နောက်ဆုံးထား၍ info@mjimyanmar.org သို့ ပေးပို့ လျှောက်ထားရပါမည်။

မြန်မာသတင်းပညာသိပ္ပံအကြောင်း

မြန်မာသတင်းပညာသိပ္ပံသည် (Myanmar Journalism Institute – MJI) မူဝါဒဆိုင်ရာ အမှီအခို ကင်း၍ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄ ဇူလိုင်လတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ မှတ်ပုံတင်ရရှိခဲ့သည့် အသင်းအဖွဲ့ ဖြစ်ပါသည်။ ၀ါရင့်သတင်းစာဆရာဦးသီဟစောသည် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ အဖွဲ့အစည်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တို့တွင် နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်မီသော သတင်းပညာရပ်ဆိုင်ရာ သင်တန်းများအား ပို့ချပေးခြင်း၊ ဒီပလိုမာသင်တန်းများ ပို့ချခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးရလဒ်များ ရရှိနိုင်စေရန် ရည်သန်၍ အသင်းဝင်များဖြင့် ချိတ်ဆက် ဆောက်ရွက်နေပါသည်။ MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှ ဆရာများဖြင့် ပို့ချလျက်ရှိသည်။

News Journalism သင်တန်း ပြုလုပ်မည်

သတင်းစာဆရာဖြစ်ချင်သူများလည်း လျှောက်ထားနိုင်ပြီ

တိုးပွားကျယ်ပြန့်လာမည့် မီဒီယာများတွင် ၀င်ရောက် လုပ်ကိုင်ခွင့်ရရေး မျှော်မှန်းထားပြီး သတင်းစာပညာကို စနစ်တကျ သင်ကြားလိုသည့် အတွေ့အကြုံလုပ်သက်နည်း သတင်းထောက်များနှင့် သတင်းလောကကို စတင် ၀င်ရောက်လိုသူ လူငယ်များအတွက် News Journalism သင်တန်းကို မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute) က ပဲခူးမြို့နှင့် တောင်ကြီးမြို့များတွင် ပြုလုပ်မည် ဖြစ်ပါသည်။
နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကျင်းပမည့် သင်တန်းများကို သင်တန်းကျင်းပရာမြို့နှင့် အနီးတ၀ိုက်ဒေသများမှ သတင်းစာပညာ သင်ယူလိုသူများလည်း လျှောက်ထားနိုင်သည်။
လက်တွေ့ လုပ်ဆောင်မှုများ ပါဝင်မည့် သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ (၂၀) အထိ ရွေးချယ်သွားမည် ဖြစ်ကာ သင်တန်းတစ်ခုစီသည် ၅ ရက် ကြာမြင့်မည် ဖြစ်သည်။
သင်ကြားပို့ချမည့် အကြောင်းအရာများမှာ သတင်းစာဆရာတစ်ယောက် ပိုင်ပိုင်နိုင်နိုင် သိသင့်သည့်
– News journalism in history in Myanmar and media landscape
– What is News
– Facts and opinion
– News Structure
– News sources and attribution
– Techniques of interviewing
– Role of journalist and ethics

သင်တန်း

ပဲခူးမြို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ၄ နာရီထိ နိုဝင်ဘာ ၃၀- ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ ပေးပို့ပေးရမည် ဖြစ်ပါသည်။

တောင်ကြီးတွင် နေ့စဉ် နံနက် ၉ နာရီမှ ၄ နာရီထိ ဒီဇင်ဘာ ၇ – ဒီဇင်ဘာ ၁၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး လျှောက်လွှာများကို ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဤ Link တွင် လျှောက်လွှာဖောင် ဒေါင်းလုပ်ချပြီး သတ်မှတ်ထားသော လျှောက်လွှာတင်ရမည့် နောက်ဆုံးရက် ညသန်းခေါင်ယံ ၁၂ နာရီ  နောက်ဆုံးထား၍ info@mjimyanmar.org သို့ ပေးပို့ လျှောက်ထားရပါမည်။

မြန်မာသတင်းပညာသိပ္ပံအကြောင်း

မြန်မာသတင်းပညာသိပ္ပံသည် (Myanmar Journalism Institute – MJI) မူဝါဒဆိုင်ရာ အမှီအခို ကင်း၍ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄ ဇူလိုင်လတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ မှတ်ပုံတင်ရရှိခဲ့သည့် အသင်းအဖွဲ့ ဖြစ်ပါသည်။ ၀ါရင့်သတင်းစာဆရာဦးသီဟစောသည် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ အဖွဲ့အစည်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တို့တွင် နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်မီသော သတင်းပညာရပ်ဆိုင်ရာ သင်တန်းများအား ပို့ချပေးခြင်း၊ ဒီပလိုမာသင်တန်းများ ပို့ချခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးရလဒ်များ ရရှိနိုင်စေရန် ရည်သန်၍ အသင်းဝင်များဖြင့် ချိတ်ဆက် ဆောက်ရွက်နေပါသည်။ MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှ ဆရာများဖြင့် ပို့ချလျက်ရှိသည်။

General Assembly Report

The first general assembly of the MJI after its official registration with the Ministry of National Planning and Economic Development was held in the Eureka Room at the Novotel Max hotel in Yangon on 24th October, 2015.

Founding members and new members attended the assembly.  Consortium members representing DW, IMS, UNESCO and Forever Group attended the function.

Among the members representing the media groups the one that represented the Print media was the largest.  Every group, the Print Media, the Broadcast Media, the Ethnic media, the community media, state-owned media, on-line media, media organizations, and the Female journalists elected one member each for the Board of Directors and one alternate BoD member.

The morning session was mainly about reports.  The Acting Chairman of the BoD, U Soe Myint, took the position of the chair of the assembly and delivered an opening speech.  Executive Director U Thiha Saw came up with a brief introduction of the MJI.  General Secretary of the BoD, U Myint Kyaw, presented the narrative of the MJI and the ED presented a brief financial report.  The training team, next presented the products of the training programs and four MJI alumni spoke of their experiences and their appreciation.

Election process began after the lunch break.

Each media group elected their representative to the Board and the newly elected members of the BoD voted for the Executive Committee members among themselves.  U Soe Myint was elected as the new chairman of the Board and U Myint Kyaw was elected as the vice-chairman.  The new general secretary is Daw Latt Latt Soe, from the female journalists group.

The GA came up with a couple of resolutions:  the GA authorized the BoD to select one Auditing firm out of three prominent local auditing firms:  and approved that annual membership fees at 50,000 MMK per head.

Attendance at the MJI GA was 52 with 31 members either registered as members or with those who have updated their registration.   There remains 10 members who registrations need to be updated.

In an overview, the memberships of the MJI include all major media groups. In Print media group, prominent media houses such as the Myanmar Times, the 7-Day, the Voice and the Mizzima are MJI members.  In the broadcast media group, all major broadcasters like the MRTV 4, the DVB and the SkyNet are MJI members.  In ethnic media group, MJI now has media outlets from Rakhine, Mon, Chin, Shan and the Burma News Internationals (BNI), a network of 11 ethnic media outlets as members.  The state-owned media is now represented by one Director from the department of public relations and information department of the Ministry of Information.

The new and old BoD members may go into a retreat in mid-December with the management team for orientation of the new members and planning for the next budget year.

FormatFactoryIMG_6077 FormatFactoryIMG_6089 FormatFactoryIMG_6116 FormatFactoryIMG_6142 FormatFactoryIMG_6166 FormatFactoryIMG_6266 FormatFactoryIMG_6268 FormatFactoryIMG_6290 FormatFactoryIMG_6303 FormatFactoryIMG_6306 FormatFactoryIMG_6314 FormatFactoryIMG_6334 FormatFactoryIMG_6386 FormatFactoryIMG_6398

Myanmar Journalist Institute’s Board of Director and Alternative member (24/10/2015)

No.

Name Organization BOD’s Position Representative media
1 Soe Myint Mizzima Chairman Online Media
2 Myint Kyaw Myanmar Journalist Network Vice Chairman Media Association
3 Latt Latt Soe People’s Age Secretary Print
4 Zeya Thu Living Color (The Voice) Joint Secretary Print
5 Myat Khine MJA Treasurer Media Association
6 Aung Naing Win Yae Taw Win BOD Community Media
7 Ye Min Oo Sky Net BoD Broadcast Media
8 Ko Ko Zaw Thanlwin Times BoD Ethnic Media
9 Aye Kywe Ministry of Information BoD State Media
No. Name Organization BoD/Alternative Representative media
1 Zeyar Hlaing Maw Koon Alternative Print
2 Shwe Hmone Tha Ma Ga Alternative Print
3 Thaw Zin Naing MRTV 4 Alternative Broadcast Media
4 Kaung San Ree Rakhine State News Journal Alternative Ethnic Media
5 Chit Mya Rakhine Journalist Network Alternative Media Association
6 Nyan Soe Win Southen Myanmar Journalist Network Alternative Media Association
7 Aung Kaung Mon Lashio Media Group Alternative Online Media
8 Thurein Hlaing Dawei Watch Alternative Community Media
MJI Members (2015)
Print Media
1 Po Naing Lin Asia Fame Media Group
2 Zeya Thu Living Color
3 Zeyar Hlaing Maw Koon
4 Myo Lwin Myanmar Times
5 Han Zaw Information Digest
6 Latt Latt Soe People’s Age
7 Shwe Hmone Tha Ma Ga
8 Lwin Min Oo The Standard Time
9 Thin Thin Thar The Street View
10 Moe Moe Aung People Magazine
Community Media
1 Kyaw Kyaw Lin Bago Voice
2 Aye Aye Zin Dawei Watch
3 Aung Naing Win Yae Taw Win
Broadcast Media
1 Than Win Htut DVB
2 Dr Thaik Tun (Behalf of Khin Than Win) Sky Net (up to date)
3 Ye Min Oo Sky Net
4 Thaw Zin Naing MRTV 4
Ethnic Media
1 Zin Min Narinjara
2 Kaung San Ree Rakhine State News Journal
3 Nee Hlan Tahan Times
4 Ko Ko Zaw Thanlwin Times
5 Do Kham Tuang Zomi Post
Media Association
1 Myint Kyaw MJN
2 Myat Khine MJA
3 Chit Mya Rakhine Journalist Network
4 Nyan Soe Win Southen Myanmar Journalist Network
Online Media
1 Aung Kaung Mon Lashio Media Group
2 Si Thu Hein Myat Internet Journal
3 Soe Myint Mizzima
State Media
1 Kyaw Zin Soe (Behalf of Aye Kywe) MIO (IPRD)

 

အသင်းဝင်မှတ်ပုံတင်ခြင်းနှင့် အသင်းဝင်သစ်များဖိတ်ခေါ်ခြင်း

FormatFactoryFlyer 1 FormatFactoryFlyer 2 FormatFactoryMembership Profile 1 FormatFactoryMembership Profile 2

 

မြန်မာသတင်းပညာသိပ္ပံသည် (Myanmar Journalism Institute – MJI) မူဝါဒဆိုင်ရာအမီအခိုကင်း၍ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄ ဇူလိုင်လတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ မှတ်ပုံတင်ရရှိခဲ့သည့် အသင်းအဖွဲ့ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ တ၀ှမ်းပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တို့တွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးပြည့်မီသော သတင်းပညာရပ်ဆိုင်ရာ သင်တန်းများအားပို့ချပေးခြင်း၊ ဒီပလိုမာ သင်တန်းများပို့ချခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးရလာဒ်များရရှိနိုင်စေရန် ရည်သန်၍ အသင်းဝင်များဖြင့် ချိတ်ဆက်ဆောက်ရွက်နေပါသည်။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ အသင်းဝင်များအား ပူးပေါင်းပါဝင်ချိတ်ဆက် နိုင်ပါရန် မြန်မာသတင်းပညာသိပ္ပံက ဖိတ်ခေါ်လိုက်ရပါသည်။ မြန်မာသတင်းပညာသိပ္ပံတွင် အသင်းဝင်လိုသော မီဒီယာ အဖွဲ့အစည်းများနှင့် မီဒီယာလုပ်ငန်းများအား အသင်းဝင်အသစ်များအဖြစ်ဖိတ်ခေါ်ခြင်းနှင့် လက်ရှိအသင်းဝင်များ ပြန်လည်မှတ်ပုံတင်ရေးဆွေးနွေးခြင်း အခမ်းအနား ကို ရန်ကုန်၊ မန္တလေး၊ ကလေး နှင့် မော်လမြိုင်တို့တွင် ပြုလုပ်ခဲ့ပါသည်။

မြန်မာသတင်းပညာသိပ္ပံနှင့် အကျွမ်းတ၀င် သိထားပြီးသော အဖွဲ့အစည်းများအတွက်သာမက ၊ မျက်နှာသစ် အဖွဲ့အစည်းများ အတွက်ပါ သိရှိလိုသော အချက်များကို မြန်မာသတင်းပညာသိပ္ပံမှ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေကြားပေးခဲ့ပါသည်။

ဒေသခံမီဒီယာအဖွဲ့အစည်းများ စုံလင်စွာတက်ရောက်ခဲ့ကြပြီး အသင်းဝင်လျှောက်လွှာများ ကို info@mjimyanmar.org အီးမေးလ်မှ တင်ဆင့် လက်ခံနေပြီဖြစ်ပါသည်။ အသင်းဝင်လိုသော အဖွဲ့အစည်းများအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ၊၂၀၁၅ နောက်ဆုံးထားကာ မြန်မာသတင်းပညာသိပ္ပံသို့ ပေးပို့နိုင်ပါသည်။ အသင်းဝင် ပုံစံကို ဤလင့်တွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။ (သို့မဟုတ်) info@mjimyanmar.org ဖုန်း – ၀၉ ၂၅၄ ၃၈၄ ၆၆၀ သို့ဆက်သွယ်တောင်းခံနိုင်ပါသည်။

ကျေးဇူးတင်ပါသည်။

အမှုဆောင်ဒါရိုက်တာ အသစ်အဖြစ်ကြေညာခြင်း

မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute) စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ အမှုဆောင်ဒါရိုက်တာအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင် မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ အထိ ဦးချန်ထွိုက်၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ မှ ၂၀၁၅ ခုနှစ် သြဂုတ်လအထိ ဦးမြင့်ကျော်တို့က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်ကာ မြန်မာသတင်းပညာသိပ္ပံ၏ အမှုဆောင်ဒါရိုက်တာ တာဝန်ကို ဦးသီဟက ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကိုယ်ရေးအကျဉ်း

ဦးသီဟသည် ၁၉၆၇-၇၁ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က သိပံ္ပဘွဲ့ (ရူပဗေဒ)၊ ၁၉၈၀-၈၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဥပဒေပညာကို လေ့လာသင်ယူခဲ့ပါသည်။ ၁၉၈၆ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်အနောက်ပိုင်းက International Institute for Journalismက Diploma in Journalism ရရှိခဲ့ပါသည်။ ၁၉၉၇-၁၉၉၈ခုနှစ်တွင် အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ် သတင်းပညာ ကောလိပ်၌ Humphrey Fellow in Journalism ဖြစ်ခဲ့ပါသည်။

လုပ်ငန်းအတွေ့အကြုံအနေဖြင့်

  • ၂၀၁၄-၂၀၁၅ Myanmar Times English Dailyရဲ့ Editorial Director
  • ၂၀၁၃-၂၀၁၄ Myanmar Freedom English Dailyရဲ့ ထုတ်ဝေသူ အယ်ဒီတာချုပ်
  • ၂၀၀၈-၂၀၁၃ Open News Weekly Journalရဲ့ အယ်ဒီတာချုပ်
  • ၁၉၉၀-၂၀၁၃ မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်
  • ၁၉၈၃-၁၉၈၈ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့သတင်းစဉ် (NAB)၊ နိုင်ငံတကာသတင်းဌာနရဲ့ အယ်ဒီတာ
  • ၁၉၈၁-၁၉၈၃ ပြန်ကြားရေးဝန်ကြီးဌာန၊ NABရဲ့ လက်ထောက်အယ်ဒီတာ
  • ၁၉၇၉-၁၉၈၁ ပြန်ကြားရေးဝန်ကြီးဌာန၊ the Working People’s Daily English newspaper ၏ စာပြင်ဆရာ/ အငယ်တန်းသတင်းထောက် အနေနဲ့ ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဦးသီဟ၏ ကလောင်အမည်မှာ သီဟစော ဖြစ်ပါသည်။ လက်ရှိရာထူးအနေဖြင့် မြန်မာသတင်းစာဆရာအသင်း (MJA)၏ ဥက္ကဌ၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)၏ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြန်ကြားရေး အဖွဲ့ဝင်၊ မြန်မာအမေရိကန် ချစ်ကြည်ရေးအသင်း (MUSFA)၏ ဥက္ကဌအဖြစ်တာဝန်ယူထားပြီး ၊ မြန်မာသတင်းပညာသိပံ္ပ၏ ဒါရိုက်တာအဖွဲ့ ဥက္ကဌ အဖြစ် ၂၀၁၅ခုနှစ် သြဂုတ်လအထိ တာဝန်ယူခဲ့ပါသည်။

လျှောက်လွှာများခေါ်ယူခြင်း

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏အကျိုးဆက်များအကြောင်း သတင်းရေးသားဖော်ပြခြင်း အထူးမွမ်းမံသင်တန်း”  အလုပ်ရုံဆွေးနွေးပွဲ / ပြင်သစ်နိုင်ငံ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲ ၂၀၁၅ သတင်းထောက်ခရီးစဉ်

မြန်မာသတင်းပညာသိပ္ဗံနှင့်အတူ DW Akademie တို့ပူးပေါင်းကာ “ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏အကျိုးဆက်များအကြောင်း သတင်းရေးသားဖော်ပြခြင်း’’ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အခြေစိုက် ဂျာမဏီသံရုံးနှင့် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးဌာန၏ပံ့ပိုးကူညီမှူဖြင့် ကျင်းပရန်စီစဉ်လျက်ရှိပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတ၀ှမ်းရှိ သတင်းမီဒီယာဌာနများမှ သတင်းထောက်များကို တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး တက်ရောက်သော သတင်းထောက်များအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများအားကျယ်ကျယ်ပြန့်ပြန့် သတင်းရေးသားနိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းအား အထူးအသားပေးဖော်ပြနိုင်ခြင်း။
  • သတင်းစာပညာနှင့်ပတ်သတ်သော အခြားအတတ်ပညာများရရှိခြင်း – သတင်းရေးသားမည့်အကြောင်းအရာအား သုတေသနပြုလုပ်ခြင်း၊ သတင်းကို ပိုမိုကောင်းမွန်ပြည့်စုံ လာအောင် ထပ်မံဖြည့်စွက်ခြင်း နှင့် သတင်းရေးသားနည်း နည်းပညာအသစ်များ ရရှိခြင်း။
  • မြန်မာနိုင်ငံအနှံအပြားမှ သတင်းထောက်များနှင့် တွေ့ဆုံပြီး အမြင်ခြင်းဖလှယ်နိုင်ခြင်း တစ်ဦးကိုတစ်ဦး အနာဂတ်အတွက် လက်တွဲလုပ်ဆောင်နိုင်ရန် သင်တန်းကာလအတွင်း ခင်မင်ရင်းနှီးမှူရရှိခြင်း။
  • သင်တန်းကာလအတွင်း သတင်းထောက်များရေးသားသည့် သတင်းများသည် “ပုံနှိပ်ဖော်ပြရန်အသင့်အနေအထား” သို့ ရောက်ရှိသည်အထိ ရေးသားနိုင်ခြင်း။

သင်တန်းကာလအတွင်း အကောင်းဆုံးစွမ်းဆောင်နို်င်သော ထူးချွန်သောသင်တန်းသားများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပြင်သစ်နိုင်ငံ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြား သွားမည်ဖြစ်သည်။ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် DW Akademie နှင့် MJI တို့နှင့်ပူးပေါင်းကာ ခရီးစဉ်အတွက် ကုန်ကျစရိတ်များကို တာဝန်ယူမည့်အပြင်၊ ဆွေးနွေးပွဲတက်ရောက်မည့်သင်တန်းသားများကို လည်း ရွေးချယ်မည်ဖြစ်သည်။

 လိုအပ်ချက်များ

အလုပ်ရုံဆွေးနွေးပွဲသည် အတွေ့အကြုံရှိပြီး ပုံနှိပ်မီဒီယာ၊ သတင်းဌာန ဒါမှမဟုတ် အွန်လိုင်းမီဒီယာများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော သတင်းထောက်များအတွက် ရည်ရွယ်သည်။ သင်တန်းတက်ရောက်မည့်သူအနေဖြင့်…

  • သတင်းမီဒီယာအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိသူဖြစ်ရမည်။
  • နိုင်ငံရေး၊စီပွားရေးနှင့် သိပ္ဗံဆိုင်ရာကိစ္စရပ်များကို ပုံမှန်သတင်းရေးသားနေသူဖြစ်ရမည်။ ကမ္ဘာကြီးပူနွေးလာမှူနှင့် ၄င်း၏အကျိုးဆက်များက အရှေ့တောင်အာရှနိုင်ငံများတွင် မည်သို့သက်ရောက်မှူရှိသည်ကို နားလည်သိရှိသူဖြစ်ရပါမည်။
  • အင်္ဂလိပ်စာဘာသာရပ်ကို အထူးနားလည်တတ်ကျွမ်းသူဖြစ်ရမည်။ (အင်္ဂလိပ်လို အပြော၊ အရေး နှစ်ခုစလုံးကျွမ်းကျင်ရမည်။ သင်တန်းတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမည်ဖြစ်သည်။)

 လျှောက်ထားခြင်း

လျှောက်ထားသူသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများပြည်စုံစွာ ပူးတွဲလျှောက်ထားရမည်။

  • သင်တန်းလျှောက်လွှာပုံစံဖြည့်စွက်ခြင်း ( လိုအပ်သည်များကိုအပြည့်အစုံဖြည့်စွက်ပြီး လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။)
  • အလုပ်ရှင်ထံမှ ခွင့်ပြုချက် (လိုအပ်သည်များကိုအပြည့်အစုံဖြည့်စွက်ပြီး အလုပ်ရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။)
  • မကြာသေးခင်က ရေးသားထားသည့် သတင်းနမူနာ ၂ပုဒ် ပူးတွဲလျှောက်ထားရမည်။
  • လျှောက်ထားသူအနေဖြင့် သင်တန်းတက်ရောက်ရန် ဘာကြောင့် စိတ်ဝင်စားပြီး ဆန္ဒပြင်းပြရသလဲဆိုတာကို ရှင်းပြသည့်စာတစ်စောင် ပူးတွဲပါရှိရမည်။ .

လျှောက်ထားသူအနေဖြင့် MJI ရုံးခန်း (အမှတ် ၁၀၂၊ အခန်း B2၊ ပုဂံအိပ်ယာ, ကျုံးကြီးလမ်း (အနော်ရထာလမ်း)၊ လမ်းမတော်မြို့နယ် ရန်ကုန်သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ အီးမေး climate@mjimyanmar.org သို့ဖြစ်စေ ပေးပို့လျှောက်ထားရမည်။

အီးမေးဖြင့် လျှောက်ထားပါက အထက်ဖော်ပြပါ စာရွက်စာတမ်းများကို scan ဖတ်ပြီး pdf ဖိုင်အနေဖြင့် ဖိုင်တွဲကာပေးပို့ရမည် (စုစုပေါင်းဖိုင်ဆိုဒ် 8MB ထက်မကြီးရ)။ နောက်ဆုံးရက် (အောက်တွင်ဖော်ပြပါရှိသည်) မကျော်ခင် ပေးပို့လျှောက်ထားသူများကိုသာ ရွေးချယ်သွားမည် ဖြစ်သည်။

သင်တန်းနှင့်ပတ်သတ်သည်များကို စုံစမ်းမေးမြန်းလိုပါက MJI’s project team ဖုန်းနံပတ် 09.263349514 သို့ခေါ်ဆို မေးမြန်းနိုင်သည်။

နောက်ဆုံးလျှောက်ထားရန်နေ့စွဲလျှောက်ထားသူအနေဖြင့် ၂၀၁၅ခုနှစ် သြဂုတ်လ ၁ရက် စနေနေ့ နောက်ဆုံးထား၍ MJI ရုံးသို့ ပေးပို့လျှောက်ထားရမည်။

Call for Applications

“Master Class” Workshop on Reporting on Climate Change and its impact on Myanmar / Correspondent’s trip to Paris Climate Conference 2015

The Myanmar Journalism Institute, together with DW Akademie is planning a two-week workshop “Reporting on Climate Change and its impact on Myanmar ” with financial support of the German Federal Foreign Office and the German Embassy in Yangon. The seminar will take place in Yangon, Myanmar from 17 – 28 August 2015.

Participants will be drawn from media houses throughout Myanmar and shall have the opportunity to

  • broaden their knowledge in the field of reporting on environment issues with a special focus on climate change,
  • further their journalistic skills with regards to research tools, story development and writing techniques,
  • exchange views and establish networks with other journalists in Myanmar,
  • produce “ready-to-publish” journalistic products during the training.

Best performing participants will be invited on a correspondent’s trip to the Paris Climate Conference in November 2015. Germany’s Federal Foreign Office, in cooperation with DW Akademie and MJI, will cover the costs of this trip and reserves the right to select the participants.

Requirements:

The workshop is open to experienced journalists who currently work for print media, news agencies or online publications. Participants should …

  • have at least three years of professional experience,
  • hold positions in which they frequently report on political and/or economic and/or scientific subjects, and be generally familiar with the topic of Global Warming and its impacts on in Southeast Asia,
  • have excellent knowledge of English (oral and written skills, the workshop will be held in English).

Application:

Applications shall contain all of the following documents:

During working hours, applications may be dropped at MJI’s office (No. 102, Room B2, Bagan Housing, Kyone Gyi Street (Anawratha Road) , Lanmadaw Tsp., Yangon) or submitted via email to climate@mjimyanmar.org. In this case, all above documents need to be scanned as pdf and handed in as attachments to the application message (overall size of attachment must not exceed 8MB). Please note that only completed applications received by the deadline below (email inbox time stamp) will be considered.

For any inquiries you may also contact MJI’s project team via phone at 09.2.63349514

 

Deadline:  Applications must be submitted to MJI by Saturday, August 01, 2015.

ရွေးကောက်ပွဲသတင်းယူနည်းသင်တန်း သင်တန်းသားခေါ်ယူခြင်း

ရွေးကောက်ပွဲအတွက် သင်ဘာတွေပြင်ဆင်ထားပြီးပြီလဲ

မြန်မာနိုင်ငံ မြို့ ကြီး ၇ မြို့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသတင်းယူနည်းသင်တန်း သင်တန်းသားခေါ်ယူခြင်း

သင်တန်းကျင်းပမည့်နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) တောင်ကြီး (ရှမ်းပြည်နယ်)                              သြဂုတ် ၃-၇

(၂) ရန်ကုန် (ရန်ကုန်တိုင်းဒေသကြီး)                     သြဂုတ် ၁၀-၁၄

(၃) လွိုင်ကော် (ကယားပြည်နယ်)                          သြဂုတ် ၁၇-၂၁

(၄) မန္တလေး (မန္တလေးတိုင်းဒေသကြီး)                   သြဂုတ် ၂၄-၂၈

(၅) စစ်တွေ (ရခိုင်ပြည်နယ်)                                  စက်တင်ဘာ ၁-၅

(၆) မော်လမြိုင် (မွန်ပြည်နယ်)                               စက်တင်ဘာ ၉-၁၃

(၇) ကလေး (စစ်ကိုင်းတိုင်းဒေသကြီး)                   စက်တင်ဘာ ၂၈- အောက်တိုဘာ ၁

အကြောင်းအရာ။         ။ ရွေးကောက်ပွဲသတင်းယူနည်းသင်တန်း

နိုဝင်ဘာလ ၈ ရက်၊၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် သတင်းရယူ ရမည့်ပုံစံ၊ ဘက်လိုက်မှု ကင်းသော သတင်း ရေးသားပေးပို့ခြင်း၊ လုံခြုံရေး၊ ဥပဒေဆိုင်ရာ လေ့လာ သင့်သည်များနှင့် ကျင့်ဝတ်ဆိုင်ရာများ အတွက် သင်တန်းများကို တောင်ကြီး၊ ရန်ကုန်၊ ကလေး၊ မန္တလေး၊ လွိုင်ကော်၊ မော်လမြိုင်၊ စစ်တွေ မြို့များတွင် ပို့ချပေးသွားရန် ရှိပါသည်။

သင်တန်းတစ်ခုစီသည် (၅) ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါသည်။ လက်တွေ့အထူးပြု ဤသင်တန်းများကို မြန်မာသတင်းပညာသိပ္ပံမှ ရွေးကောက်ပွဲသင်တန်းပို့ချမှုအတွေ့အကြုံများသော သင်တန်းဆရာများက သင်ကြားပို့ချသွားမှာဖြစ်သည်။

ထို့အပြင် International Foundation for Electoral Systems (IFES) ၊ ရွှေမြစ်မခမီဒီယာနှင့် နိုင်ငံတကာ မြန်မာ့သတင်း (BNI) တို့မှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများက ဟောပြောမှုများလည်း ပါဝင်သည်။

အခြေခံသတင်းစာပညာရပ်ကို တတ်ကျွမ်းပြီး လက်ရှိ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူ မည်သူမဆိုလျှောက်ထားနိုင်ပါသည်။

သင်တန်းသား ရွေးချယ်ခြင်း

စိတ်ပါဝင်စားသည့် သတင်းထောက်များအနေဖြင့် သင်တန်းလျှောက်လွှာများကို ဤနေရာတွင် ကလစ်နှိပ်၍ ဒေါင်းလုပ်လုပ်ပြီး ဖြည့်သွင်းကာ ဇူလိုင်လ ၂၁ ရက်၊ ၂၀၁၅ ခုနှစ် (အင်္ဂါနေ့) မြန်မာစံတော်ချိန် ညသန်းခေါင်မတိုင်မီ ပေးပို့လျှောက်ထားရမည်။ အွန်လိုင်းမှဖြည့်သွင်းရာတွင် အခက်အခဲရှိပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သင်တန်း လျှောက်လွှာများအားလုံးကို ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်လျှောက်ထားသူများကိုသာ အကြောင်းကြားသွားပါမည်။

သင်တန်းသားရွေးချယ်ရာတွင် သင်တန်းချိန်ပြည့်တက်နိုင်သူ၊ သင်တန်းကျင်းပပြုလုပ်မည့်ဒေသမှ ဒေသခံ သတင်းထောက်များနှင့် နီးစပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများက သတင်းထောက်များကို ပေါင်းစပ် ရွေးချယ်သွားမှာ ဖြစ်သည်။ ဤသင်တန်းနှင့်ပတ်သက်၍ မေးမြန်းလိုသည်များ ရှိလျှင် ဒေါ်သိမ့်ရည်စိုး Management Assistant သို့ မိုဘိုင်းဖုန်း ၀၉၂၅၄၃၈ ၄၆၆၀ သို့ ဆက်သွယ်ခြင်း သို့မဟုတ် info@mjimyanmar.org မှတဆင့် အီးမေးလ်ပေးပို့ခြင်းဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဤသင်တန်းများကို USAID ၏အထောက်အပံ့ဖြင့် မြန်မာသတင်းပညာသိပ္ပံ၊ International Foundation for Eleciton Systems၊ နိုင်ငံတကာ မြန်မာ့သတင်း (BNI) နှင့် ရွှေမြစ်မခမီဒီယာတို့က ပူးပေါင်းဆောင်ရွက်သည်။

နိုင်ငံတကာ မြန်မာ့သတင်း

နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့ကို နယ်စပ်ဒေသ၌ ၂၀၀၃ ခုနှစ်တွင် စတင်ထူထောင်သည်။ လက်ရှိ BNI တွင် တိုင်းရင်းသားသတင်းဋ္ဌာန အများစု အပါအ၀င် သတင်းအဖွဲ့ဝင် (၁၃)ဖွဲ့ ရှိသည်။ BNI သည် သတင်းစာ ကျင့်ဝတ်နှင့်အညီ၊ ဘက်လိုက်မှုကင်း၍ မျှတမှုရှိသော၊ ဘက်စုံ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ သည့် သတင်းမီဒီယာကွန်ယက်တစ်ခုဖြစ်သည်။

BNI သည် မြန်မာနိုင်ငံ ပင်မ သတင်းစီးကြောင်းတွင် ဖေါ်ပြခွင့်မရသည့်၊ တိုင်းရင်းသားဒေသမှ သတင်းများကို အထူးပြု ထုတ်လုပ်တင်ပြသည်။ နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့သည် လွတ်လပ်သော သတင်းစာနယ် ဇင်းကျင့်ဝတ်ကို စွဲကိုင်လျှက် လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့် (Freedom of Press) ကိုလည်း ကြိုးစားမြှင့်တင် လျှက်ရှိသည်။ ၎င်းအပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသည့် တိုင်းရင်းသားဒေသ သတင်းများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပိုမို သိရှိ နားလည်စေရန် BNI က စုပေါင်းလုပ်ဆောင်လျှက်ရှိသည်။  BNI သည် အရှေ့တောင်အာရှသတင်းစာမဟာမိတ်အဖွဲ့(SEAPA) ၏ ဒေသတွင်း လက်တွဲဖေါ် သတင်းအဖွဲ့အ စည်းတစ်ခုလည်း ဖြစ်သည်။ BNI websites လိပ်စာများမှာ http://www.bnionline.net/, http://mmpeacemonitor.org/, http://myanmardemocracy.org/ တို့ဖြစ်သည်။

ရွှေမြစ်မခ                                                     

ရွှေမြစ်မခ မီဒီယာကုမ္ပဏီလီမီတက်ခ် ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်သည်။ ယခုအခါ တိုင်းနှင့်ပြည်နယ် အသီးသီးတို့တွင် ထားရှိသော သတင်းထောက် ၇၉ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ကုမ္ပဏီမှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြစ်မခ သတင်းအေဂျင်စီ လုပ်ငန်းအနေဖြင့် ပြည်တွင်းမှ သတင်းစာ၊ ဂျာနယ်၊ အက်ဖ်အမ် ရေဒီယိုများနှင့် ဗီအိုအေ သတင်းဋ္ဌာနသို့ သတင်းများ ၀န်ဆောင်မှု ပေးလျက်ရှိသည်။

မြစ်မခ မီဒီယာ အနေဖြင့် အွန်လိုင်း (www.myitmakhamediagroup.com) ပေါ်တွင် သတင်းများအခမဲ့တင်ဆက်လျက်ရှိသည်။ ထို့ပြင် သတင်းစာပညာရပ်ဆိုင်ရာသင်တန်းများကိုလည်း စီစဉ်ခြင်း၊ သင်တန်းလိုက်လံပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လ၀န်းသစ် စာပေလုပ်ငန်းစုအမည်ဖြင့် သတင်းစာပညာရပ်ဆိုင်ရာ စာအုပ်များကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ ထို့ပြင် အမျိုးသား အမျိုးသမီးတန်းတူညီမျှ ရရှိရေးကို အခြေခံပြီး ရွှေမြစ်မခ အမျိုးသမီး မဂ္ဂဇင်းကို ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။

မြန်မာသတင်းပညာသိပ္ပံ

မြန်မာသတင်းပညာသိပ္ပံ (MJI)သည် လွတ်လပ်သော သတင်းပညာသင်တန်းကျောင်းဖြစ်သည်။ ဦးမြင့်ကျော်သည် ယာယီ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဇန္န၀ါရီလ ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရန်ကုန်တွင် အခြေစိုက်ပြီး ၀န်ထမ်း ၁၂ ဦးဖြင့် လည်ပတ်လျှက်ရှိပါသည်။

သတင်းစာဆရာများအား အမြင့်ဆုံး စံချိန်မှီ သက်မွေးပညာရပ်တစ်ခု မွမ်းမံသင်တန်းပေးရန် နှင့် မြန်မာနိုင်ငံအတွင်း ယေဘူယျ စာနယ်ဇင်း ပညာရပ်အား နှင့် အမှီခိုကင်း သက်မွေးပညာရပ် မီဒီယာကဏ္ဍ အဖြစ် မြှင့်တင်ရန်ဖြစ်သည်။

MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှဆရာများဖြင့် ပို့ချလျှက်ရှိသည်။

MJI ၏ မိတ်ဘက်အဖွဲ့အစည်းများမှာ ပြင်သစ်နိုင်ငံမှ Canal France International ၊ ဂျာမဏီနိုင်ငံမှ DW Akademie၊ ဆွီဒင်နိုင်ငံမှ Fojo Media Institute၊ ဒိန်းမတ်နိုင်ငံမှ International Media Support တို့ဖြစ်ကာ ပြည်တွင်းသတင်းအဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည်။

International Foundation for Electoral System

International Foundation for Electoral System (IFES) သည် လွတ်လပ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ကာ ဒီမိုကရေစီရွေးကောက်ပွဲများအတွက် ၂၅ နှစ်အတွင်း ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပရော်ဖက်ရှင်နယ် အထောက်အပံ့ပေးပြီးဖြစ်သည်။ IFES သည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာကာ ဘက်စုံပေါင်းစုံပါဝင်နိုင်သေ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ကြိုးစားအားထုတ်မှုအဖြစ် သက်ဆိုင်သူအားလုံးနှင့် ၂၀၁၃ ခုနှစ်ကတည်းက လုပ်ဆောင်လျှက်ရှိသည်။

မြန်မာသတင်းပညာသိပ္ပံမှ မာလ်တီမီဒီယာ သတင်းပညာ ဒီပလိုမာ ပထမအသုတ် သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်။ ။ မြန်မာသတင်းပညာသိပ္ပံ (MJI) သည် နိုင်ငံ အမျိုးသားပိုင် သတင်းစာပညာသင်တန်း ပို့ချပေးနေသောကျောင်းဖြစ်ပြီး ပထမဦးဆုံးအသုတ်အဖြစ် ရန်ကုန်နှင့် မန္တလေးမှ သင်တန်းသားများအတွက် ကျောင်းဆင်းပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ဇူလိုင် ၄ ရက်၊ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည်။
လုပ်ငန်းခွင်ထဲမှ သတင်းသမားများနှင့် သတင်းလောက ပြင်ပမှသူများအတွက် သတင်းပညာသင်တန်းများပေးရန် MJI ကို ၂၀၁၄ ခု မေလတွင် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီးနောက် ပထမဆုံးဖွင့်လှစ်သည့် တစ်နှစ်ကြာ နိုင်ငံတကာအဆင့်မီ မာလ်တီမီဒီယာသင်တန်း တက်ရောက်ပြီး အောင်မြင်ခဲ့သော လုပ်ငန်းခွင်ဝင် ဂျာနယ်လစ် ၂၈ ဦးကို ဒီပလိုမာ ပေးအပ်ခြင်းဖြစ်သည်။
အချိန်ပိုင်းဒီပလိုမာသင်တန်းသားများကို သတင်းရေးသားနည်း၊ ရေဒီယို၊ ဗီဒီိယို၊ ဒီဂျစ်တယ်ဂျာနယ်လစ်ဇင်များသာမက ဆိုရှယ်မီဒီယာ၊ ရွေးကောက်ပွဲသတင်းယူခြင်း၊ စုံစမ်းဖော်ထုတ်သတင်းရေးသားခြင်း၊ စီးပွားရေးသတင်း၊ မီဒီယာ ကျင့်ဝတ်နှင့် ဥပဒေ၊ အစိုးရနှင့် အုပ်ချုပ်မှုများလည်း ပါဝင်သည်။ သင်တန်းသားများသည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သို့ ၁၀ ရက်ကြာ သွားရောက်နေထိုင်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့ သတင်းယူခြင်းလည်း ပြုလုပ်ခဲ့သည်။
MJI ဒါရိုက်တာအဖွဲ့ဥက္ကဌ ဦးသီဟစောက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က မိန့်ခွန်းပြောကြားသည်။ ထို့နောက် MJI ၏ မိတ်ဘက်အဖွဲ့အစည်းများကိုယ်စား ဂျာမဏနိုင်ငံ DW Akademie မှ ညွှန်ကြားရေးမှူး မစ္စတာ ခရစ်တီယန် ဂရာမို့ခ်ျကလည်း ပြောကြားခဲ့သည်။ ထို့နောက် MJI ၏ သင်တန်းညွှန်ကြားရေးမှူး ဦးစိန်ဝင်းက MJI အကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ပခုက္ကူခရီးစဉ်အတွင်း သင်တန်းသားများ ရေးသားပေးပို့သော ရေဒီယို၊ ရုပ်သံသတင်းများနှင့် မဂ္ဂဇင်းတို့ကို ပြသပြီးနောက် MJI၏ ယာယီအမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကျော်က MJI ဖြတ်သန်းခဲ့သည့်အခြေအနေများနှင့် အနာဂတ်ကို ပြောကြားသွားသည်။
မီဒီယာကဏ္ဍအားလုံး၊ မီဒီယာအဖွဲ့ဝင်များနှင့် လူမှုအသိုင်းအ၀ိုင်းမီဒီယာများမှ ကိုယ်စားလှယ်များပါဝင်သော တည်ထောင်သူအဖွဲ့ဝင် ၃၉ ဦးဖြင့် MJI ကို တည်ထောင်ခဲ့သည်။ အဆိုပါ တည်ထောင်သူအဖွဲ့ဝင်များက ၉ ဦးသော ဒါရိုက်တာအဖွဲ့ကို ရွေးချယ်ကာ DW Akademie၊ Canal France International၊ ပြင်သစ်သံရုံး၊ Fojo Media Institute၊ International Media Support၊ UNESCO နှင့် Forever Group က ထောက်ပံ့မှုပေးလျှက်ရှိသည်။
မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပဲခူးနှင့် ပုသိမ်စသည့် မြို့ကြီး ၅ မြို့တွင် ရွေးကောက်ပွဲသတင်းယူခြင်းသင်တန်းအပါအ၀င် အင်စတီကျူ့အနေဖြင့် သတင်းစာဆရာပေါင်း ၁၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။
MJIအနေဖြင့် မီဒီယာလောကဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုလျက် သင်တန်းနည်းပြများ အတွက် ဆရာဖြစ်သင်တန်းများကိုလည်း ပြုလုပ်ပေးခဲ့ရာ MJI ၏ ၄ ဦးသော အချိန်ပြည့်သင်တန်းဆရာများသာမက အခြားသော သင်တန်းဆရာများကိုလည်း ဖိတ်ကြား သင်ကြားပေးလျှက်ရှိသည်။
အချိန်ပြည့်သတင်းစာပညာဒီပလိုမာသင်တန်းကို သတင်းစာလောကသို့စတင်ဝင်ရောက်မည့် လူငယ်လူရွယ်များအတွက် ရည်ရွယ်ကာ MJI အနေဖြင့် အချိန်ပြည့်သတင်းစာပညာဒီပလိုမာသင်တန်းကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ သင်တန်းလျှောက်လွှာများကို စတင်လက်ခံနေပြီး ဖောင်ပိတ်ရက်မှာ ဇူလိုင် ၁၁ ရက်၊ ၂၀၁၅ ခုနှစ်ဖြစ်သည်။ သင်တန်းလျှောက်လွှာရယူခြင်းနှင့် အခြားသော သိလိုသည်များရှိလျှင် MJI ရုံးခန်းသို့ လာရောက်၍လည်းကောင်း၊ MJI ၀က်ဘ်ဆိုက်သို့သွားရောက်ဖတ်ရှု့၍ စုံစမ်းနိုင်ပါသည်။

IMG_1697 IMG_1700 IMG_1707 IMG_1711 IMG_1713 IMG_1716 IMG_1717 IMG_1719 IMG_1720 IMG_1722 IMG_1724 IMG_1726 IMG_1728 IMG_1732 IMG_1734 IMG_1737 IMG_1739 IMG_1741 IMG_1743 IMG_1747 IMG_1749 IMG_1752 IMG_1754 IMG_1757 IMG_1759 IMG_1760 IMG_1761 IMG_1762 IMG_1765 IMG_1767