Author Archives: Junior Joseph

သဘာဝပတ်ဝန်းကျင် သတင်းရေးသားနည်းသင်တန်းလျှောက်လွှာများလက်ခံနေပါပြီ။

မြန်မာသတင်းပညာသိပ္ပံ (MJI)၊ ပြင်သစ်နိုင်ငံ မှ Canal France International (CFI) နှင့် World Wildlife Fund
Myanmar (WWF မြန်မာ) တို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် သတင်းရေးသားနည်း သင်တန်းကို ရန်ကုန်၊
မန္တလေး နှင့် ထားဝယ် မြို့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သင်တန်းတစ်ခုလျှင် ငါးရက်ကြာမြင့်မည်  ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မှ သင်တန်းဆရာများက သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။
ဒေသအလိုက် သင်ကြားသွားမည့် ခေါင်းစဉ်များမှာ –
Mandalay – Business Sustainability ( November 14 – 18)
Dawei – Bio Diversity ( November 21 – 25)
Yangon – Energy ( November 7 – 11 (or) November 28 – December 2) တို့ ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်သင်တန်းတက်ရောက်ခွင့် လျှောက်ထားမည့်သူများအနေဖြင့် အောက်ပါအချက်များ နှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။
– သတင်းထောက်ဖြစ်ရမည်။
– သတ်မှတ်ထားသော သင်တန်းရက်များအား အစမှ အဆုံးတိုင် တက်ရောက်နိုင်ရမည်။
– သဘာဝပတ်ဝန်းကျင် နှင့် သက်ဆိုင်သော အကြောင်းအရာများကို စိတ်ပါဝင်စားသူဖြစ်ရမည်။
သင်တန်းလျှောက်လွှာများကို မြန်မာသတင်းပညာသိပ္ပံ ၏ Website နှင့် Facebook Page များတွင် Download ရယူနိုင်ပြီး သတ်မှတ်ရက်မတိုင်မီ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီအထိ နောက်ဆုံးထားပြီး လက်ခံပေးမည် ဖြစ်ပါသည်။
ထားဝယ်မြို့တွင် ပြုလုပ်မည် ဖြစ်သော သင်တန်းအတွက် ထားဝယ်မြို့ ပြင်ပမှ လာရောက်မည့် သင်တန်းသားများအတွက် ခရီးစရိတ် နှင့် နေထိုင်ရန်အတွက် စီစဉ်ပေးမည် ဖြစ်ပါသည်။
ထပ်မံသိရှိလိုသော အချက်အလက်များ ရှိပါက ဦးစိုးဇော်မော် ၊ ဆက်သွယ်ရေးအရာရှိ ၊ ဖုန်း ၀၉ ၇၈၆ ၂၃၂ ၄၀၀ (သို့) [email protected] သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#မြန်မာဖောင့်မပေါ်ပါက လျှောက်လွှာပေါ်တွင် Click ထောက် Control A ဖြင့် select လုပ်ပြီး Font အား Zawgyi
ဟု ပြောင်းလဲ ရွေးချယ်ပါရန်#
တိုက်ရိုက်လျှောက်ထားရန်      https://goo.gl/forms/chxmbeNte3Fmz06U2
384985-bigthumbnail

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် MJI သို့ လာရောက်လည်ပတ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဖေမြင့် သည် ၃.၁၀.၂၀၁၆ ခုနှစ် တနင်္လာနေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်က ရန်ကုန်မြိ့ စမ်းချောင်းမြို့နယ် မဟာမြိုင်လမ်းရှိ မြန်မာသတင်းပညာသိပ္ပံရုံး သို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာသတင်းပညာသိပ္ပံဖွံဖြိုးတိုးတက်ရေး နှင့် Digital Journalism သင်တန်းများ ပြုလုပ်ရန်အတွက် ကြွရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဖေမြင့် သည် အချိန်ပြည့် သတင်းစာပညာဒီပလိုမာသင်တန်း သင်ကြားနေမှုများအား သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး နေ့လည် ၁၂ နာရီ ခွဲ အချိန်ခန့်တွင် မြန်မာသတင်းပညာသိပ္ပံ မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
Dr. Pe Myint, Union Minister, Ministry of Information paid a visit to Myanmar Journalism Institute around 10:30 am on 3rd October, 2016 in order to discuss on the development of MJI and to discuss about organizing Digital Journalism Trainings. After the discussion, the Union Minister Dr. Pe Myint visited the full-time diploma in Journalism training room and left MJI at 12:30 Pm.
7 img_49171       img_8065

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်၊ သောကြာနေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုး၊ လျှပ်စစ်၊ ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ဂျာမန်သံအမတ်ကြီး Mr.Christian Ludwig Weber Lortsch နှင့် ပြင်သစ်သံအမတ်ကြီး Mr.Olivier Richard တို့ မြန်မာသတင်းပညာသိပ္ပံ သို့ အလည်အပတ်အဖြစ် လာရောက်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် အဖွဲ့သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်ဟောင်း ဦးဇော်သက်ထွေး နှင့် မြန်မာသတင်းပညာသိပ္ပံ မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟစော တို့ နှင့်တွေ့ဆုံကာ မြန်မာသတင်းပညာသိပ္ပံ ဖွံဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် European Union(EU) မှ ကူညီထောက်ပံ့မည့် ကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးမှုများ ပြီးဆုံးသွားသည့်နောက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အချိန်ပြည့်ဒီပလိုမာ သင်တန်းသားများ နှင့် တွေ့ဆုံခဲ့ပြီး နောက် နံနက် ၁၁ နာရီခန့်တွင် မြန်မာသတင်းပညာသိပ္ပံ မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
H.E U Phyoe Min Thein,The Chief Minister of Yangon Region, H.E Naw Pan Thinzar Myo, Minister of Karen Ethnic Affairs, H.E Daw Nilar Kyaw, Minister of Electricity, Communication and Transportation Ministry, H.E Mr.Christian Ludwig Weber Lortsch, Ambassador of German Embassy and H.E Mr.Olivier Richard, Ambassador of French Embassy paid a visit to MyanmarJournalism Institute on September 23rd, 2016. Then, the Chief Minister sat a meeting with U Zaw Thet Htwe from Myanmar Journalist Union and U Thiha Saw, Executive Director of MJI to discuss about giving support from the Yangon Region Government and European Union(EU) for the development of MJI. After the meeting, the Chief Minister met with MJI’s Full-time Diploma Students and left at 11am.

img_4472

img_4493

img_4521

 

 

အသိပေးကြေငြာခြင်း

မင်္ဂလာပါ ခင်ဗျာ။

မြန်မာသတင်းပညာသိပ္ပံ မှ ယခုအချိန်တွင် အချိန်ပိုင်းဒီပလိုမာ သင်တန်း နှင့် သဘာဝပတ်ဝန်းကျင်သတင်းပေးပို့ခြင်း ဆရာဖြစ် (TOT) သင်တန်း များ ၏ လျှောက်လွှာများအား သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် လက်ခံတော့မည် မဟုတ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

အချိန်ပြည့်ဒီပလိုမာ သင်တန်းလျှောက်လွှာများကို သတ်မှတ်ရက်ဖြစ်သည့် သြဂုတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီအထိ ဆက်လက်လက်ခံပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

သဘာဝပတ်ဝန်းကျင်သတင်းပေးပို့နည်း ဆရာဖြစ်သင်တန်း

ရန်ကုန်မြို့တွင် ပြုလုပ်မည့် ဆရာဖြစ်သင်တန်း အတွက် လျှောက်လွှာ ခေါ်ယူခြင်း

သင်တန်းကာလ ။         ။၂၀၁၆၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ။

အချိန်။           ။         ။နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်

နေရာ။           ။         ။မြန်မာသတင်းပညာသိပ္ပံရုံး၊ အမှတ် ၁၁ M၊ မဟာမြိုင်လမ်း၊ ကျွန်းတောအလယ်

ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

အကြောင်းအရာ။      ။သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းရေးသားနည်း ဆရာဖြစ်သင်တန်း။

မြန်မာသတင်းပညာသိပ္ပံ Myanmar Journalism Institute (MJI) သည် မူဝါဒပိုင်းဆိုင်ရာ အမှီအခိုင်ကင်း ၍လွတ်လပ်သော ပုဂ္ဂလိက သင်တန်းကျောင်းဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းပညာရပ် နယ်ပယ်တွင် အမှီအခိုကင်းသော အရည်မြင့်မားသောမီဒီယာများ ပိုမိုဖွံ့ဖြိုးထွန်းကားလာရေး နှင့် သတင်းစားဆရာများအား နိုင်ငံတကာ အမြင့်ဆုံးစံချိန်မှီ သက်မွေးပညာရပ်တစ်ခု အဖြစ် မွမ်းမံသင်တန်းပေးရန် နှင့် မွေးထုတ်ပေးရန် တည်ထောင်ခြင်းဖြစ်သည်။MJI ကို ကို ၂၀၁၄ ဇူလိုင်လမှ စတင်တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ပြည်ပ မှ ဆရာများဖြင့် ပို့ချလျက်ရှိသည်။

ယခုအခါ မြန်မာသတင်းပညာသိပ္ပံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ခု ဖြစ်သော WWF Myanmar နှင့် ပြင်သစ်နိုင်ငံအခြေဆိုက် Canal France International(CFI) တို့နှင့် ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာသတင်းရေးသားနည်း သင်တန်းကို ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းကို ရန်ကုန်မြို့ရှိ မြန်မာသတင်းပညာသိပ္ပံသင်တန်းခန်းမ တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

သင်တန်းပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ နှင့် သတင်းထောက်များအကြား ဆက်ဆံရေး ပေါင်းကူးတံတားများ တည်ဆောက်ပေးခြင်းအား ဖြင့်သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာအထောက်အကူဖြစ်နိုင်မည့် အပြန်အလှန်အကြံပြု ချက်တွေ ကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ဆရာဖြစ်သင်တန်းအတွင်းမှာ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေ ကတော့

  • အရွယ်ရောက်ပြီးသူများအတွက် သင်ကြားမှုနည်းစနစ်များအား သင်ကြားပေးခြင်း
  • အပြန်အလှန်ဆက်ဆံခြင်း နှင့် သင်ကြားမှုအရည်အသွေးများကို မြှင့်တင်ပေးခြင်း
  • သင်တန်းဆရာများအား မိမိကိုယ်ကို ယုံကြည်မှုတိုးမြှင့်လာစေရန် သင်ကြားပေးခြင်း
  • အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်စေရန်
  • သဘာဝပတ်ဝန်းကျင် နှင့် ပက်သက်သော နောက်ခံအကြောင်းအရာများ တည်ဆောက်ခြင်း တို့ဖြစ်ပါသည်။

သင်တန်းအစီအစဉ်

သင်တန်းတွင် အောက်ပါ အတိုင်း အစိတ်အပိုင်း ၃ ခုပါဝင်မည်။

၁။ ပင်မသင်တန်း – ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ မြန်မာသတင်း ပညာသိပ္ပံရုံးတွင် ပြုလုပ်ပါမည်။

၂။စက်တင်ဘာလ ၁၄ ရက်နေ့တွင် Media Awareness Day ကျင်းပပြုလုပ်မည် ဖြစ်ပြီး အဆိုပါနေ့တွင် သင်တန်းသားများ နှင့် ပြည်တွင်း၊ပြည်ပ မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ထိတွေ့နှီးနှောဖလှယ်ခွင့်ရမည် ဖြစ်သည်။

၃။သင်ရိုးညွှန်းတမ်းရေးဆွဲနည်း သင်တန်းအတွက် အောက်ပါခေါင်းစဉ်များအနက်မှ မိမိနှစ်သက်ရာ တစ်ခုကို ရွေးချယ် တက်ရောက်ရမည် ဖြစ်ပါသည်။

(၁) Corporate Sustainability (Sep 21 – 23)

(၂) Energy (Sep 26 – 28)

(၃) Bio Diversity (Sep 29 – Oct 1)

သင်တန်းလျှောက်ထားနိုင်သူများ

  • Print, Online, Tv, Radio စသည့်မီဒီယာတစ်ခုခုတွင် အင်္ဂလိပ် (သို့) မြန်မာဘာသာဖြင့် သတင်းရေးသားခြင်းအတွေ့အကြုံ ရှိသည့် သတင်းထောက်များ
  • မိမိတတ်မြောက်ထားသည်များကို အခြားသူများအား ပြန်လည်မျှဝေချင်စိတ်ရှိသူများ၊ သင်တန်းဆရာ ဖြစ်လိုသော ဆန္ဒရှိသူများ
  • သင်တန်းတက်ရောက်ရန် နှင့် သင်တန်းပြန်လည် ပို့ချနိုင်ရန်အတွက် အချိန်ပေးနိုင်သူများ

သင်တန်းသား ရွေးချယ်ခြင်း

သင်တန်းလျှောက်လွှာများအားလုံးကို စိစစ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်သွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၉ ရက် နှင့် ၂၀ ရက်နေ့များတွင် လူတွေ့အင်တာဗျူးခေါ်ယူသွားမည် ဖြစ်သည်။ ရွေးချယ်ခံရသည့် လျှောက်ထားသူများကို သြဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။

လျှောက်လွှာဖောင်များ Download ရယူရန်

လျှောက်လွှာဖောင်များ Download ရယူရန်

စိတ်ပါဝင်စားသူများ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ လျှောက်လွှာဖြည့်သွင်းပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ညသန်းခေါင်မတိုင်မီ လျှောက်ထားရမည် ဖြစ်ပါသည်။ အွန်လိုင်းမှ လျှောက်ထားရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ဦးစိုးဇော်မော်၊ ပြန်ကြားရေးအရာရှိ၊ မြန်မာသတင်းပညာသိပ္ပံ၊ ဖုန်း ၀၉ ၇၈၆ ၂၃၂ ၄၀၀ သို့လည်းကောင်း [email protected] သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

ရုံးခန်းနေရာအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute- MJI) ရုံးကို အမှတ် ၁၁ (M)၊ မဟာမြိုင်လမ်းသွယ်၊ မဟာမြိုင်လမ်း၊ ကျွန်းတော် အလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ် သို့ ယခုလ လလယ်မှာ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းသာလမ်း (အထက်ဘလောက်)မှာရှိတဲ့ သင်တန်းခန်းမ နှင့်  ပုဂံအိမ်ရာ ရှိ အုပ်ချုပ်ရေးရုံးအား  ပိတ်ပြီး ၃ ထပ်အဆောက်အဦး ရုံးသစ်မှာ ပူးပေါင်းဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ရုံးသစ်ပြောင်းရွှေ့မှုကို ဇွန်လ ၁၅ ရက်နေ့မှာ လုပ်မှာဖြစ်ပြီး ရက်အနည်းငယ်အတွင်း အခင်းအကျင်းအထိုင်ချမှုများ ပြီးစီးမှာ ဖြစ်ပါတယ်။

လိပ်စာအသစ်ကတော့ –

အမှတ် ၁၁ (M)၊ မဟာမြိုင်လမ်းသွယ်၊ မဟာမြိုင်လမ်း၊ ကျွန်းတော် အလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်။

MJI NEW LOcationWe are moving! Beginning June 15, Myanmar Journalism Institute will be located in the 11M, Mahar Myaing lane, Maha Myaing street, Kyun Taw Quarter, Sanchaung Township. With more than double the space of our old training hall and administrative office we will be able to carry a larger activities of the institution. Visit after a few days of moving and take advantage of meeting trainers and trainees.

သင် အလုပ်လုပ်ရင်း ပညာဆည်းပူးလိုပါသလား

 MJI ADV 1

မြန်မာသတင်းပညာသိပ္ပံ မှ လုပ်ငန်းခွင်ဝင်နေသော သတင်းထောက်များအတွက် အချိန်ပိုင်းဒီပလိုမာ သင်တန်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

သင်တန်းကာလမှာ ၁၂ လ ကြာမြင့်မှာ ဖြစ်ပြီး အခြေခံသတင်းစာပညာအပြင် Multi-Media သတင်းထောက်တစ်ယောက်ဖြစ်အောင် သင်ကြားပေးမည့် ဒီပလိုမာ သင်တန်းဖြစ်ပါတယ်။ သင်တန်းကြေးမှာ ၁၂ သိန်းကျပ် ဖြစ်ပြီး သုံးကြိမ်အရစ်ကျ ပေးသွင်းနိုင်သည့်အပြင် ပညာသင်ကြေး တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်ရရှိစေမည့် Scholarship အစီအစဉ် လည်း ရှိတာကြောင့် စိတ်ပါဝင်စားသူ သတင်းထောက်များ မြန်မာသတင်းပညာသိပ္ပံ ၏ Facebook Page နှင့် Website များတွင် သွားရောက်လေ့လာပြီး လျှောက်လွှာ Form များ နှင့် Scholarship Form များအား Download ရယူနိုင်ပါသည်။ လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်မှာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၅ ရက် ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးရယူခွင့် လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်မှာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ဖြစ်ပါသည်။

ထပ်မံသိရှိလိုသောအချက်များအား အောက်ပါ လိပ်စာများတွင် သွားရောက်လေ့လာနိုင်ပါသည်။

http://www.mjimyanmar.org

https://www.facebook.com/mjimyanmar/

သင်တန်းဝင်ခွင့်လျှောက်လွှာ အား Download ရယူလိုပါက ဤနေရာတွင် ကလစ်နှိပ်ပါ။
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန် လျှောက်လွှာအား Download ရယူလိုပါက ဤနေရာတွင်နှိပ်ပါ
မိမိအလုပ်ရှင် ၏ ခွင့်ပြုချက် လျှောက်လွှာအား Download ရယူလိုပါက ဤနေရာတွင်ကလစ်နှိပ်ပါ။

 

မှတ်ချက် ။       ။ အထက်ပါ လျှောက်လွှာများသည် အချက်အလက်ပြည့်စုံစွာ ထည့်သွင်းရမည့်လျှောက်လွှာများဖြစ်ပြီး အဆိုပါ လျှောက်လွှာများအပြင် မိမိကိုယ်တိုင်ရေးသားခဲ့သော Publish လုပ်ပြီး သတင်းနမူနာ အနည်းဆုံး နှစ်ခုပါရမည် ဖြစ်ပါသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) နှင့် ကုလသမဂ္ဂလူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) တို့ ပူးပေါင်းပြုလုပ်သော Data Journalism ဆရာဖြစ်သင်တန်း ရုပ်သံသတင်း

မြန်မာသတင်းပညာသိပ္ပံ (MJI) နှင့် ကုလသမဂ္ဂလူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) တို့ ပူးပေါင်းပြုလုပ်သော Data Journalism ဆရာဖြစ်သင်တန်း ကို မေလ ၉ ရက်နေ့မှ မေလ ၂၇ ရက်နေ့အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရှိ Center of Excellence for Business Development မှာ ပြုလုပ်ကျင်းပခဲ့ပါသည်။ သင်တန်းဆရာ Mr.Peter Verweij က ကိန်းဂဏန်းအချက်အလက်များကို ထည့်သွင်းအသုံးပြုရာတွင် အရေးကြီးသော အချက်အလက်များကို စတင်မိတ်ဆက်သင်ကြားပြသခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သုံးပတ်ဖြစ်ပါသည်။ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား(MRTV) မှ အဆိုပါ သင်တန်းနှင့်ပက်သက်ပြီး သတင်းရိုက်ကူးတင်ဆက်ခဲ့ပါသည်။


 

 

သတင်းပညာ အချိန်ပိုင်း ဒီပလိုမာ သင်တန်းသား လက်ခံပြီ

မြန်မာသတင်းပညာသိပ္ပံ (MJI) သည် တစ်နှစ်ကြာ Part-time Diploma in Journalism သင်တန်းကို အလုပ်လုပ်နေသော သတင်းစာဆရာများအတွက် ဖွင့်လှစ်သွားမှာဖြစ်ပါသည်။

တည်နေရာ။             ။ ရန်ကုန်

အများပြည်သူတို့ကို အင်ဖော်မေးရှင်း သတင်းအချက်အလက်များ မျှဝေလိုသော ၀ါသနာကို အရင်းခံ၍ သတင်းစာပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ရွေးချယ်ခဲ့ကြသည်။ အလုပ်လုပ်ရင်း သတင်းစာပညာကို နိုင်ငံတကာ စံချိန်မီ စနစ်တကျသင်ယူလိုသော ဆန္ဒများ လူငယ်လူရွယ် အများအပြားတွင် ပေါ်ပေါက်ကြဖူးပါလိမ့်မည်။ ကမ္ဘာနှင့်အ၀ှမ်း ပြောင်းလဲဖြစ်ထွန်းနေသော မီဒီယာအခင်းအကျင်း၊ နည်းပညာ၊ ဗဟုသုတများကို အမှီလိုက်နိုင်ရန်အတွက်လည်း စဉ်ဆက်မပြတ် သင်ယူလေ့လာနေဖို့လည်း လိုအပ်ပြန်သည်။

မြန်မာသတင်းပညာသိပ္ပံက ငယ်ရွယ်သူ သတင်းစာဆရာများ အဓိကလိုအပ်သော ကျွမ်းကျင်မှုများနှင့် ဗဟုသုတများဖြည့်ဆည်းနိုင်ရန် နေ့တစ်ပိုင်းသင်ယူနိုင်မည့် “Part-time Diploma Journalism” ဒုတိယအပတ်စဉ် သင်တန်းကို ဇွန်လ ၂၀၁၆ ခုနှစ် မှစတင် ဖွင့်လှစ်သွားမှာဖြစ်သည် ။ အလုပ်လုပ်ရင်း တစ်ဖက်တစ်လမ်းမှ ပညာဖြည့်ဆည်းလိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ သင်တန်းသည် မာလ်တီမီဒီယာဖြစ်၍   ပုံနှိပ်မီဒီယာသာမက ရေဒီယို၊ ဗီဒီယို၊ အွန်လိုင်းတို့ကိုပါ လုပ်ကိုင်နိုင်အောင် သင်ကြားပေးသည်။

ပြည်တွင်း ပြည်ပမှအတွေ့အကြုံရင့် ဆရာများက ပို့ချသော ဒီပလိုမာဘွဲ့ပေးအပ်မည့် သင်တန်းသည် သင်တန်းခန်းမအတွင်း သင်ယူခြင်းအပြင် e-learning (အီလက်ထရောနစ် အထောက်အကူပြုသင်ကြားရေး) အရင်းအမြစ်ကိုလည်း အသုံးပြုသလို လက်တွေ့ကွင်းဆင်းခြင်း၊ တို့လည်း ပါဝင်သဖြင့် ထူးကဲသော အခွင့်အလမ်းကောင်း ဖြစ်သည်။

ဘယ်သူတွေ လျှောက်ထားနိုင်သလဲ

  • မည်သည့် မီဒီယာတွင် မဆို (ပုံနှိပ်၊ ရေဒီယို၊ တီဗီ၊ အွန်လိုင်း) အနည်းဆုံး သတင်းလုပ်သက် ၂ နှစ်ရှိသူ
  • သက်ဆိုင်ရာ သတင်းတိုက်၏ ထောက်ခံခွင့်ပြုချက် ရမည့်သူ
  • မြန်မာဘာသာစကားကို တတ်ကျွမ်းသူ

သင်တန်းကြေး၊ ပညာသင်ထောက်ပံ့ကြေးနှင့် ရွေးချယ်မှု

သင်တန်းကြေးမှာ ဒီပလိုမာဘွဲ့ရ တစ်နှစ်လုံးအတွက် မြန်မာကျပ်ငွေ ၁၂ သိန်းဖြစ်ပြီး သုံးကြိမ်အရစ်ကျ ပေးသွင်းနိုင်ပါသည်။ သင်တန်းအတွက် လျှောက်ထားသူများသည် ပညာသင်ထောက်ပံ့ကြေးရယူလိုလျှင် လျှောက်ထားခွင့်ရှိသည်။ ဒုတိယအပတ်စဉ်အတွက် သင်တန်းသား အယောက် ၂၀ ရွေးချယ်မှာဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့် သင်တန်းသားရွေးချယ်မှုတို့ကို သီးခြားစဉ်းစားသွားမှာဖြစ်သည်။

မြန်မာသတင်းပညာသိပ္ပံအကြောင်း

မြန်မာသတင်းပညာသိပ္ပံသည် (Myanmar Journalism Institute – MJI) မူဝါဒဆိုင်ရာ အမှီအခို ကင်း၍ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄ ဇူလိုင်လတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အကျိုးအမြတ်မယူသော ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ရရှိခဲ့သည့် အသင်းအဖွဲ့ ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တို့တွင် နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်မီသော သတင်းပညာရပ်ဆိုင်ရာ သင်တန်းများအား ပို့ချပေးခြင်း၊ ဒီပလိုမာသင်တန်းများ ပို့ချခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးရလဒ်များ ရရှိနိုင်စေရန် ရည်သန်၍ အသင်းဝင်များဖြင့် ချိတ်ဆက် ဆောက်ရွက်နေပါသည်။ MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှ ဆရာများဖြင့် ပို့ချလျက်ရှိသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) နှင့် ပက်သက်ပြီး ပိုမိုစုံလင်စွာ သိရှိလိုပါက http://www.mjimyanmar.org/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

သင်တန်းလျှောက်လွှာများကို ရယူရန် ဤနေရာတွင် ကလစ်နှိပ်ပါ။

Employer Declaration Form(မိမိလက်ရှိလုပ်ကိုင်နေသော သတင်းတိုက်(သို့)အထက်အရာရှိ ၏ ခွင့်ပြုချက်ဖောင်) ကို ရယူရန်  ဤနေရာတွင်ကလစ်နှိပ်ပါ။

သင်တန်းလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ မေလ ၂၇ ရက်၊ ၂၀၁၆ ခုနှစ် ဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီး ပထမအဆင့် အင်တာဗျူးမည့်ရက်မှာ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့များအထိ ဖြစ်သည်။

သင်တန်းလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ ဇွန်လ ၁၅ရက်၊ ၂၀၁၆ ခုနှစ် ဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီး ပထမအဆင့် အင်တာဗျူးမည့်ရက်မှာ လျှောက်လွှာ့ပိန်သည့်ရက်မှ တပတ်အတွင်း ဖစ်သည်။

သင်တန်းလျှောက်လွှာများကို [email protected]သို့  အီးမေးလ်ဖြင့်လည်းကောင်း၊ လူကိုယ်တိုင် အောက်ဖော်ပြပါ လိပ်စာ သို့မဟုတ် လူပုဂ္ဂိုလ်သို့လည်းကောင်း ပေးပို့နိုင်ပါသည်။

(MJA) မြန်မာနိုင်ငံသတင်းစာဆရာအသင်း

အမှတ်၁၇၃–၁၇၅၊အခန်းအမှတ်၆၀၃၊ (၆)လွှာ၊ပန်းဆိုးတန်းလမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MJN) မြန်မာဂျာနယ်လစ်ကွန်ယက်

အမှတ် (၁၈၁)၊၃လွှာ၊၃၆လမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MJI) မြန်မာသတင်းပညာသိပ္ပံ

အခန်းအမှတ် ၁၀၂ ၊ တိုက် 2B ၊ ပုဂံအိမ်ရာ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့

ထပ်မံသိရှိလိုသော အကြောင်းအရာများရှိပါက ဆက်သွယ်ရေးအရာရှိ ဦးစိုးဇော်မော် [email protected] ဖုန်းနံပါတ် 09254384660 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။