Category Archives: ဖွဲ့စည်းပုံမူကြမ်း

MYANMAR JOURNALISM INSTITUTE (Not for Profit Association) အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများ

MYANMAR JOURNALISM  INSTITUTE (Not for Profit Association) (?)

အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများ

အခန်း (၁)

ဤအဖွဲ့အစည်း၏ အမည်၊ အဓိပ္ပါယ်ဖော်ပြချက်နှင့် အမှတ်တံဆိပ်

၁။ အမည်

ဤအဖွဲ့အစည်းအား အင်းဂလိပ်ဘာသာစကားဖြင့် “MYANMAR JOURNALISM INSTITUTE (Not for Profit Association)” ဟု ခေါ်တွင်စေရမည်။  (ဤအခြေခံစည်းမျဉ်းများထဲတွင် ဤအဖွဲ့အစည်းဟု သုံးနှုန်းသွားမည်။ )

၂။ အဓိပ္ပါယ်ဖော်ပြချက်

ဤအခြေခံစည်းမျဉ်းများထဲတွင် ပါရှိသော အောက်ပါစကားရပ်များအား မြန်မာကုမ္ပဏီများအက်ဥပဒေအရ အဓိပ္ပါယ်ဖွင့်မည် ဖြစ်သည်။

(က) ဤအဖွဲ့အစည်း ဆိုသည်မှာ “MYANMAR JOURNALISM INSTITUTE (Not for Profit Association) ကို ဆိုလိုသည်။

(ခ) အဖွဲ့အစည်း (The organisation)  ဆိုသည်မှာ ကုမ္ပဏီ (Company) ၊ အစုစပ် (partnership) သို့မဟုတ် သမဝါယမ အဖွဲ့ (Cooperative Society) (?)

၃။ဤအဖွဲ့အစည်း၏ အမှတ်တံဆိပ်

ဤအဖွဲ့အစည်း၏ အမှတ်တံဆိပ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

အခန်း (၂)

၎။

ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်များ

ဤအဖွဲ့အစည်းအား အောက်ပါ ရည်ရွယ်ချက်များကို လုပ်ဆောင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။-          မြန်မာနိုင်ငံအတွင်းရှိ စာနယ်ဇင်းသမားများ နှင့် မီဒီယာသမားများ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်ရန်

–          မြန်မာ စာနယ်ဇင်းသမားများအတွက် တရားဝင် အသိအမှတ်ပြု ဒီပလိုမာ နှင့် certificate သင်တန်း/သင်ရိုး များ ပေါ်ပေါက်လာစေရန်

–          မြန်မာနိုင်ငံတွင် စာနယ်ဇင်း ပညာရေး အစီအစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အဆက်အသွယ်များ (institutional cooperation and links) တည်ဆောက်ရန်

–          မြန်မာနိုင်ငံတွင် အမှီအခိုကင်းကာ လွတ်လပ်သော Pluralistic မီဒီယာ [အမျိုးအစား၊ ရှုထောင့် စသည်ဖြင့် စုံလင်ထွပြေားစွာရှိသော မီဒီယာ အမျိုးမျိုး] ထွန်းကားရေးကို အထောက်အကူပြုရန်

–          မြန်မာနိုင်ငံအတွင်း ကွဲပြားခြားနားသော လူမျိုး အသိုင်းအဝိုင်းများမှ စာနယ်ဇင်းသမားများအကြား ပွင့်လင်း၍ ပညာရှင်ပီသသော အပြန်အလှန်ဆွေးနွေးပြောဆိုမှုများ တိုးတက်ဖြစ်ထွန်းလာစေရန်

–          မြန်မာနိုင်ငံအတွင်း လူနည်းစု မီဒီယာ (minority media) များ၏ လိုအပ်ချက်များအတွက် ဝန်ဆောင်မှု ပေးရန်

–          မြန်မာ စာနယ်ဇင်း နှင့် မီဒီယာ လောကတွင် ကျား၊မ အချိုးအစား ညီမျှမှု (gender balance) ကို မြှင့်တင်ရန်

–          မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများနှင့် မြန်မာနိုင်ငံပြင်ပရှိ လုပ်ဖော်ကိုင်ဖက်များအကြား ဆက်ဆံရေးများ ခိုင်မာအောင် ထူထောင်ရန်

အခန်း (၃)

အသင်းဝင်ခြင်း

၅။

ဤအဖွဲ့အစည်းသို့ အသင်းဝင်ခွင့်အား၊ မီဒီယာအမျိုးအစားများ အားလုံး၊ မီဒီယာနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများအားလုံးနှင့် ဤအခြေခံစည်းမျဉ်းများတွင် ဖော်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော အသင်းအဖွဲ့များ အားလုံးအတွက် လမ်းဖွင့်ထားပါသည်။ အသင်းဝင်ခွင့်ကို လူမျိုး၊ လိင်၊ လိင်စိတ်တိမ်းညွတ်မှု၊ ဘာသာရေးယုံကြည်မှု၊ နိုင်ငံရေး တိမ်းညွတ်မှု များဖြင့် မကန့်သတ်နိုင်ပါ။

၆။

အောက်ဖော်ပြပါ မီဒီယာကဏဏ္ဍများမှ အမှီအခိုကင်းလွတ်သော တရားဝင် အဖွဲ့အစည်းများ သည်ဤအဖွဲ့အစည်းတွင်အသင်းဝင်ရန် ဘောင်ဝင်သည်။

က။ ပုဂ္ဂလိက ပုံနှိပ် မီဒီယာ

ခ။ ပုဂ္ဂလိက ရေဒီယို အသံလွှင့် ဌာနများ

ဂ၊ ပုဂ္ဂလိက ရုပ်မြင်သံကြား အသံလွှင့်ဌာနများ

ဃ။ နိုင်ငံတော်ပိုင်/ပြည်သူပိုင် (State/Public) ရုပ်သံလွှင့် ဌာနများ

င။ နိုင်ငံတော်ပိုင်/ပြည်သူပိုင် ပုံနှိပ်မီဒီယာ

စ။ မြန်မာ ပြည်တွင်း သတင်းဌာနများ

ဆ။ Community မီဒီယာ

ဇ။ အွန်လိုင်း မီဒီယာ

ဈ။ မီဒီယာနှင့် ဆက်နွယ်နေသော အသင်းအဖွဲ့/သမဂ္ဂ များ

၇။

ဤအဖွဲ့အစည်းတွင် အသင်းဝင်ခွင့် အရည်အချင်း ပြည့်မီရန်အတွက်၊ အပိုဒ်ခွဲ (၆) တွင် ဖော်ပြထားသော ကဏ္ဍများမှ မီဒီယာ သို့မဟုတ် အဖွဲ့အစည်း အသီးသီးသည် အောက်ဖော်ပြပါ သတ်မှတ်ချက်များကို ပြည့်မီရမည်။

–          သက်ဆိုင်ရာ မီဒီယာ သို့မဟုတ် အဖွဲ့အစည်း အသီးသီးသည်မြန်မာနိုင်ငံအတွင်းတွင် တရားဝင် နေရာဌာန ရှိရမည်။

–          သက်ဆိုင်ရာ မီဒီယာ သို့မဟုတ် အဖွဲ့အစည်း အသီးသီး သည်၊ မှတ်ပုံတင်ထားခဲ့သော ကဏ္ဍနယ်ပယ်တွင်၊ မှတ်ပုံတင်ခဲ့စဉ်က ရည်ရွယ်ချက်များအတိုင်း အနည်းဆုံး သုံးလ လုပ်ငန်းဆောင်ရွက်နေခြင်း ရှိရမည်။

–          ပုဂ္ဂလိက မီဒီယာ အသီးသီးသည် ကိုယ်ပိုင်ထုတ်လုပ်ထားသော သတင်းဆောင်းပါးများ/ အစီအစဉ်များ ကို တင်ဆက်နေသော ပုံနှိပ်/ရုပ်သံထုတ်လွှင့်မှု မီဒီယာ ဖြစ်ရမည်။

၈။

ဤအဖွဲ့အစည်း၏ အသင်းဝင်များသည်နှစ်စဉ်အသင်းဝင်ကြေးတစ်ရပ် ပေးသွင်းရမည်။ အသင်းဝင်ကြေးကို နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) က ဆုံးဖြတ်မည်။ နှစ်စဉ်အသင်းကြေးကို၊ ပုံမှန် နှစ်စဉ်အထွထွေအေစည်းအဝေး (Ordinary AGM) ကျင်းပပြုလုပ်မည့်နေ့ မတိုင်မီ ငါးရက်အလိုထက် နောက်မကျစေဘဲ ပေးသွင်းရမည်။

၉။

ဤအဖွဲ့အစည်းဝင်ခွင့် အသင်းဝင်လျှောက်လွှာကို တရားဝင် စာရွက်စာတမ်းများ၊ အခြားသက်ဆိုင်သော စာရွက်စာတမ်းများနှင့်အတူ၊ ဥက္ကဌကို ကိုယ်စားပြုမည့် ဘုတ် (Board) အဖွဲ့ထံသို့ တင်သွင်းရမည်။

အသင်းဝင်ခွင့်လျှောက်လွှာ လက်ခံရရှိသည့်နေ့မှစ၍ ပုံမှန် အလုပ်လုပ်ရက် (working days)၂၁ ရက်အတွင်း၊ ဘုတ်(Board of Directors) အဖွဲ့ အနေဖြင့်၊ လျှောက်ထားသူကို အသင်းဝင်ခွင့် ပြုမပြု အကြောင်းကြားရမည်။

ဘုတ်အဖွဲ့သည် အသင်းဝင်ခွင့် လျှောက်ထားသူ ထံမှ နောက်ထပ် စာရွက်စာတမ်များ တောင်းခံခွင့်ရှိသည် (သို့မဟုတ်) နောက်ထပ်အချက်အလက်များ စုဆောင်းနိုင်ရန်အတွက် လျှောက်ထားသူအနေဖြင့် လာရောက်တွေ့ဆုံပါရန် ဆင့်ခေါ်ခွင့်လည်းရှိသည်။

အကယ်၍ အသင်းဝင်ခွင့် လျှောက်ထားသူသည် ဘုတ်အဖွဲ့က တောင်းခံထားသော နောက်ထပ် အချက်အလက်များကို နောက်ဆုံးသတ်မှတ်ချိန် အတွင်း ပေးအပ်ရန် ပျက်ကွက်ပါက၊ ဘုတ်အဖွဲ့သည် ထိုလျှောက်ထားသူ၏ အသင်းဝင်ခွင့်ကို ပယ်ချ ခွင့် သို့မဟုတ် အသင်းဝင်ခွင့်ပြုမပြု ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားခွင့် ရှိသည်။

၁၀။

ဤအဖွဲ့အစည်း၏ အသင်းဝင်ဖြစ်သော အသင်းအဖွဲ့ တစ်ခုခုသည် ၄င်း၏ လုပ်ငန်းများကို ခြောက်လထက်ပို၍ ရပ်နားခြင်းပြုပါက ဤအဖွဲ့အစည်း၏ အသင်းဝင် အဖြစ်မှ ရပ်စဲခြင်း ခံရမည်။ အချိန်ခြောက်လမှာ၊ ပုံနှိပ်မီဒီယာများတွင် ထိုမီဒီယာ၏နောက်ဆုံး တရားဝင် စာအုပ်စာစောင် ထုတ်ဝေခဲ့သောနေ့မှစ၍ ရေတွက်မည် ဖြစ်သည်။

အသင်းကြေး မပေးရသေးကြောင်း သတိပေးစာ ပေးပို့ပြီးနောက်ပိုင်းအချိန်အထိ အသင်းကြေးပေးရန် ပျက်ကွက်ခြင်းသည် ဤအဖွဲ့အစည်းထဲမှ ထုတ်ပယ်ခြင်း ခံရနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည်။

အထုတ်ပယ်ခံရသော အသင်းဝင်သည် နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) သို့ အသနားခံစာ တင်နိုင်သည်။

အသင်းဝင် တစ်ဦးသည်၊ ဘုတ်အဖွဲ့၏ ဥက္ကဌ ထံသို့ စာရေးသားအကြောင်းကြားက အသင်းဝင် အဖြစ်မှ ရပ်စဲနိုင်သည်။

၁၁။

ဤအဖွဲ့အစည်း၏ အသင်းဝင်များ အနေဖြင့်၊ ဤအဖွဲ့အစည်းအတွင်း ဆက်သွယ်ရေးအတွက် အရေးကြီးသော အချက်အလက်များ အပြောင်းအလဲ ရှိပါက၊ ထိုအချက်အလက်သစ် အားလုံးကို ၁၀ ရက်အတွင်း တင်သွင်းရမည်။ (လိပ်စာသစ်များ၊ တယ်လီဖုန်း နံပါတ်သစ်များ စသည်ဖြင့်)

အခန်း (၄)

ဤအဖွဲ့အစည်း၏အထွေထွေ စီမံရေးအဖွဲ့ (General Assembly)

၁၂။ အသင်းဝင်များ၏ အထွေထွေ စီမံရေး အဖွဲ့ (General Assembly) (GA) သည် ဤအဖွဲ့အစည်း၏ အမြင့်ဆုံး အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည်။ GA တွင် အသင်းဝင်အားလုံး၏ ကိုယ်စားလှယ်များ ပါဝင်ရမည်။

၁၃။ GA သည် ဤအဖွဲ့အစည်း ၏ မူဝါဒများနှင့် ဘဏ်ဏ္ဍာရေး ကိစ္စရပ်များအတွက် တာဝန်ရှိသည်။

၁၄။ GA တွင် အောက်ပါ လုပ်ပိုင်ခွင့်အာဏာများ ရှိသည်။

–          ဤအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေရှည်မဟာဗျူ  ဟာများကို အတည်ပြုခြင်း၊ ဘုတ်အဖွဲ့ (Board of Directors) ထံသို့ တင်သွင်းမည့် ထောက်ခံအကြံပြုချက်များနှင့် ပတ်သတ်သော ဆုံးဖြတ်ချက်များကို အတည်ပြုပေးခြင်း

–          ဘုတ် (Board) အဖွဲ့၏ နှစ်စဉ်အစီရင်ခံစာကို အတည်ပြုခြင်း (ဘဏ်ဏ္ဍာရေးနှင့် စာရင်းစစ်၏ အစီရင်ခံစာ အပါအဝင်)

–          လာမည့်နှစ်အတွက် အသင်းကြေးကို ဆုံးဖြတ်ခြင်း

–          ဤအဖွဲ့အစည်း၏အခြေခံ စည်းမျဉ်းများကို ပြင်ဆင်ပြောင်းလဲခြင်း

–          ဤအဖွဲ့အစည်းအား ဖျက်သိမ်းခြင်း

–          Board of Directors အဖွဲ့ဝင်များကို ရွေးချယ်တင်မြောက်ခြင်း နှင့် ထုတ်ပယ်ခြင်း

၁၅။ ဤအဖွဲ့အစည်း၏ အသင်းဝင်များသည် General Assembly (GA) အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို အောက်ပါစည်းမျဉ်းများနှင့် အညီ ရွေးကောက်တင်မြောက်လိမ့်မည်။

က။ ပုဂ္ဂလိက မီဒီယာ

ပုဂ္ဂလိက  မီဒီယာတစ်ခုစီသည် GA သို့ ကိုယ်စားလှယ် တစ်ဦး စေလွှတ်နိုင်သည်။

တူညီသော ပိုင်ရှင်တစ်ဦး သို့မဟုတ် တူညီသော မီဒီယာအုပ်စုတစ်စုက ၊ ပုဂ္ဂလိက မီဒီယာ တစ်ခုထက်ပို၍ ပိုင်ဆိုင်နေသည့် ကိစ္စမျိုးတွင် ထိုမီဒီယာအုပ်စု အနေဖြင့် အများဆုံး ကိုယ်စားလှယ် သုံးဦးအထိ ကိုယ်စားပြုနိုင်သည်။

ခ။ နိုင်ငံတော်ပိုင်/ပြည်သူပိုင် မီဒီယာ

နိုင်ငံတော်ပိုင်/ပြည်သူပိုင် မီဒီယာ တစ်ခုစီသည်GA သို့ ကိုယ်စားလှယ် တစ်ဦးစီ စေလွှတ်နိုင်သည်။

ဂ။ သတင်းဌာနများ

မြန်မာ ပြည်တွင်းသတင်းဌာနများသည်  GA သို့ ကိုယ်စားလှယ် တစ်ဦးစီ စေလွှတ်နိုင်သည်။

ဃ။ အွန်လိုင်းမီဒီယာ

အွန်လိုင်းမီဒီယာများ သည် GA သို့ ကိုယ်စားလှယ် တစ်ဦးစီ စေလွှတ်နိုင်သည်။

င။ စာနယ်ဇင်း အသင်းများ/သမဂ်ဂများ (တစ်ဦးချင်း အသင်းဝင်လက်ခံသော အသင်းများ/သမဂ္ဂများ)

ဤအဖွဲ့အစည်း၏ အသင်းဝင် ဖြစ်လာသော အသင်းများ/သမဂ္ဂများ သည် GA သို့ ကိုယ်စားလှယ် နှစ်ဦး စေလွှတ်နိုင်သည်။

၁၆။

(GAs) တွင် ပါဝင်မည့် ကိုယ်စားလှယ်များစာရင်းကို၊ အပိုဒ်ခွဲ ၆ တွင် ဖော်ပြထားခဲ့သော လွတ်လပ်သော တရားဝင် အဖွဲ့အစည်းများက ထုတ်ပေးထားသည့် တရားဝင် ခွင့်ပြုချက်စာရွက်စာတမ်း အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေး၍၊ GA အဖွင့် (opening of the GA) မတိုင်မီတွင်အတည်ပြုနိုင်ရန် စိစစ်သွားပါမည်။

၁၇။

GA သည် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်၊ နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) တွင် တွေ့ဆုံ စည်းဝေးမည်ဖြစ်ပြီး၊ နှစ်စဉ် ငွေစာရင်းပိတ်ပြီး သုံးလအတွင်း စည်းဝေးရန် ဖြစ်ပါသည်။ ထိုအချိန်တွင် GAသည်ကုန်ဆုံးသွားသော နှစ် နှင့် ပတ်သတ်သည့်၊ ဤအဖွဲ့အစည်း၏ ပိုင်ဆိုင်မှုပစ်စည်း (asset) များ၊ ပေးဆပ်ရန်ရှိသည်များ (liabilities)၊ ဝင်ငွမျေား၊ အသုံးစရိတ်များ နှင့်လှုပ်ရှားဆောင်ရွက်မှုများကို သုံးသပ်ခြင်း နှင့် အတည်ပြုခြင်းများ ပြုလုပ်မည်။ ထို့ပြင် GA သည် ရှေ့လာမည့်နှစ်အတွက် ဘတ်ဂျတ် နှင့် လှုပ်ရှားလုပ်ဆောင်ရန် ကိစ္စများကိုလည်း စဉ်းစားရမည်။

၁၈။

ဘုတ်အဖွဲ့အနေဖြင့် နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) အတွက် ဖိတ်ကြားစာကို အသင်းဝင် အသီးသီးထံသို့ စာ သို့မဟုတ် e-mail ဖြင့်၊ အစည်းအဝေးမတိုင်မီ၊ အလုပ်လုပ်ရက်၂၁ရက် (21 working days) ကြိုတင်၍ ဖိတ်ကြားရမည်။

၁၉။

GA အနေဖြင့် အထူးအထွထွေအေစည်းအဝေးများ (EGMs) များ ခေါ်ယူ၍လည်း တွေ့ဆုံစည်းဝေးနိုင်မည်ဖြစ်ကာ၊ အပိုဒ်ခွဲ ၆ တွင် ဖော်ပြထားခဲ့သော မီဒီယာ ကဏဏ္ဍ တစ်ခုခု၏ ကိုယ်စားလှယ် အများစုက ဖြစ်စေ၊ ဘုတ်အဖွဲ့ဝင် တစ်ဦးဦးက ဖြစ်စေ၊ စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director) က ဖြစ်စေ၊ စာရင်းစစ်က ဖြစ်စေ တောင်းဆိုလာလျှင် ထို အထူးအထွထွေအေစည်းအဝေးများကို ပြုလုပ်နိုင်ပါသည်။ အထူး အစည်းအဝေးကျင်းပမည့်နေ့ မတိုင်မီ အနည်းဆုံး အလုပ်လုပ်ရက် ၅ ရက် (5 working days) ကြိုတင်၍ အသင်းဝင် အသီးသီးထံသို့ စာ သို့မဟုတ် e-mail ဖြင့် ဖိတ်ကြားရမည်။

၂၀။

GA ၏ အစည်းအဝေးများ အထမြောက်ရန်အတွက် အသင်းဝင် အရေအတွက်၏ အနည်းဆုံး တစ်ဝက် တက်ရောက်ရန်လိုအပ်သည်။ အကယ်၍ အစည်းအဝေးအထမြောက်ရန် လိုအပ်သော ဦးရေ မပြည့်ပါက၊ အစည်းအဝေးကို နောက်လာမည့် တစ်ရက်ရက်သို့ ရွှေ့ဆိုင်းမည်ဖြစ်ပြီး၊ အကြောင်းကြားစာ အသစ်ကို အသင်းဝင်အားလုံးထံသို့ ပေးပို့ရမည်။

အကယ်၍ အစည်းအဝေးအထမြောက်ရန် လိုအပ်သော ဦးရေ မပြည့်ပါက၊ အထူးအထွထွေအေစည်းအဝေး တစ်ရပ်ကို ခေါ်ကာ၊ တက်ရောက်လာသော အသင်းဝင် အများစု၏ ဆန္ဒဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။

၂၁။

အထွထွေေ စီမံရေးအဖွဲ့ (General Assembly)သည်အဖွဲ့၏ ပထမဆုံး အစည်းအဝေးတွင် လက်ခံအတည်ပြုခဲ့သော business order ကို လိုက်နာရမည်။ ဤအခြေခံစည်းမျဉ်းများထဲတွင် အခြားနည်းဖြင့် ဖော်ပြထားခြင်း မရှိလျှင် (သို့မဟုတ် GA ၏ အစည်းအဝေးတစ်ခုက ကွဲပြားခြားနားစွာ ဆုံးဖြတ်ခြင်း မပြုလျှင်) GA ၏ ဆုံးဖြတ်ချက်အားလုံးကို မဲခွဲဆုံးဖြတ်ခြင်းဖြင့် ပြုလုပ်ရမည်။

GA အဖွဲ့၏ အစည်းအဝေးတွင် သဘာပတိ (chairman) တစ်ဦးကို ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး၊ ထိုသူသည် အစည်းအဝေးကို ဦးဆောင်ရန် တာဝန်ရှိကာ၊ အစည်းအဝေး လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်နေသော ကိစ္စများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ရွေးကောက်တင်မြှောက်ပွဲကို စီစဉ်ရမည်ဖြစ်ကာ၊ ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ရမည်။

အချို့ကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် လျှို့ဝှက်မဲပေး စနစ်ကို ကျင့်သုံးရန် GA အနေဖြင့် ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သည်။

အစည်းအဝေးအား မှတ်တမ်းတင်ရမည် ဖြစ်ကာ၊ chairman နှင့် အစည်းအဝေးမှတ်တမ်းတင်ရန် ရွေးချယ်တင်မြှောက်ခြင်း ခံရသူက အစည်းအဝေးမှတ်တမ်းကို လက်မှတ်ထိုးရမည်။

အခန်း (၅)

ဒါရိုက်တာအဖွဲ့ (ဘုတ်အဖွဲ့) (BOARD OF DIRECTORS)

၂၂။

Board of Directors အဖွဲ့သည် ဤအခြေခံစည်းမျဉ်းများက ပေးအပ်ထားသော အခွင့်အာဏာများအပြင်၊ ကိစ္စရပ်များနှင့်ဤအဖွဲ့အစည်း၏ ပိုင်ဆိုင်မှုများအား ကြီးကြပ်ထိန်းသိမ်းရန် နှင့် စီမံခန့်ခွဲရန် တာဝန်ယူရမည်။ ဘုတ်အဖွဲ့အနေဖြင့် ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်များနှင့်အညီ အစဉ်သဖြင့် ပြုမူဆောင်ရွက်ရမည်။

၂၃။

ဘုတ်အဖွဲ့တွင် အောက်ပါ လုပ်ပိုင်ခွင့်များနှင့် ဝတ်တရားများ ရှိသည်။

–          ဤအဖွဲ့အစည်း၏မူဝါဒ၊ မဟာဗျူဟာ နှင့် လှုပ်ရှားဆောင်ရွက်မှုများ၏ အဓိက ဦးတည်ချက်များကို ဆုံးဖြတ်ရန်

–          ဤအဖွဲ့အစည်း၏နှစ်စဉ် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်၊ အဓိက ဦးတည်ချက်များနှင့် ဘတ်ဂျတ်ကို အတည်ပြုရန်

–          ဤအခြေခံစည်းမျဉ်းများတွင် ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ဤအဖွဲ့အစည်း အား ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို အဆိုပြုနိုင်သည်။

–          ဤအခြေခံစည်းမျဉ်းများအား ပြင်ဆင်ပြောင်းလဲရန် အဆိုပြုနိုင်သည်။

–          နှစ်စဉ် ဘဏ်ဏ္ဍာရေး အစီရင်ခံစာများ၊ နောက်တစ်နှစ်အတွက် ဘတ်ဂျတ် နှင့် စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director) ၏ နှစ်စဉ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အတည်ပြုရန်

–          ဤအဖွဲ့အစည်း၏ဝန်ထမ်း အရေအတွက်၊ ဖွဲ့စည်းတည်ဆောက်ပုံ (organizational structure)၊ လစာများအတွက်ရန်ပုံငွေ စသည်ဖြင့် သတ်မှတ်ရန်၊ ဘုတ်အဖွဲ့ဝင်များ နှင့် စာရင်းစစ်၏ ကုန်ကျငွမျေားကို ပြန်ထုတ်ပေးရေးနှင့်ပတ်သတ်၍ စည်းမျဉ်းများနှင့် ပမာဏကို အတည်ပြုရန်၊ စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director) ၏ အဆိုပြုချက်ပေါ် အခြေခံ၍ အတည်ပြုရန် ဖြစ်သည်။

–          စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director) အား ခန့်အပ်ခြင်း နှင့် ရာထူးမှ ထွက်ခွာခွင့်ပေးခြင်း/ထုတ်ပယ်ခြင်း ကို ဆောင်ရွက်နိုင်သည်။ စီမံခန့်ခွဲရေး ဒါရိုက်တာ၏ အစီရင်ခံစာများနှင့် ပတ်သတ်၍ ဆွေးနွေးရန်၊ လစာအဆင့်များနှင့် အခြား ဆုလာဘ်များကို သတ်မှတ်ရန်

–          ဤအဖွဲ့အစည်း၏ပိုင်ဆိုင်မှုများကို ရှင်းထုတ်ရာတွင်လည်း တာဝန်ယူရမည်

–          ဤအဖွဲ့အစည်း၏ငွကြေးဥစ္စာများနှင့် ပတ်သတ်၍ စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director)၏ လုပ်ပိုင်ခွင့်များကို ပြဌာန်းပေးရန်

–          GA အစည်းအဝေး ဖြစ်မြောက်အောင် စီစဉ်ရန်

၂၄။

Board of Directors အဖွဲ့ဝင်များကို ၂ နှစ်စာ ရာထူးသက်တမ်းအတွက် အထွေထွေ စီမံရေးအဖွဲ့ (General Assembly) က ရွေးကောက်တင်မြှောက်ရန်

Board of Directors အဖွဲ့တွင် အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်သည်။

–          ပုဂ္ဂလိက ပုံနှိပ် မီဒီယာ နှင့် သတင်းဌာနများမှ ကိုယ်စားလှယ် ၁ ဦး

–          ပုဂ္ဂလိက ရုပ်သံလွှင့် မီဒီယာမှ ကိုယ်စားလှယ် ၁ ဦး

–          နိုင်ငံတော်ပိုင်/ပြည်သူပိုင် မီဒီယာ နှင့် သတင်းဌာနများမှ ကိုယ်စားလှယ် ၁ ဦး

–          Community media မှ ကိုယ်စားလှယ် ၁ ဦး

–          အွန်လိုင်းမီဒီယာ မှ ကိုယ်စားလှယ် ၁ ဦး

–          လူမျိုးစု မီဒီယာ (ethnic media) မှ ကိုယ်စားလှယ် ၁ ဦး

–          အမျိုးသမီး စာနယ်ဇင်းသမား ကိုယ်စားလှယ် ၁ ဦး

–          စာနယ်ဇင်းသမားများ အသင်းများ/သမဂ္ဂများ မှ ကိုယ်စားလှယ် ၂ ဦး

၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဘုတ်အဖွဲ့ဝင်များ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါတွင် အစားထိုးနိုင်ရန်၊ ဘုတ်အဖွဲ့ဝင်တိုင်းအတွက် အရန် ဘုတ်အဖွဲ့ဝင် တစ်ဦးစီကို ဤအခြေခံစည်းမျဉ်းများတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရွေးကောက်တင်မြှောက်ရမည်။

အကယ်၍ ဘုတ်အဖွဲ့ဝင် တစ်ဦးသည်၊ ၄င်းကိုယ်စားပြုရန် ရွေးကောက်ခြင်းခံခဲ့ရသော မီဒီယာ ကဏ္ဍမှ အခြားကဏ္ဍသို့ ပြောင်းရွေ့သွားပါက၊ ထိုသူ၏ နေရာတွင် ထိုသူ၏ အရန်ဘုတ်အဖွဲ့ဝင်သည်၊ ဘုတ်အဖွဲ့ဝင်အဖြစ် အစားထိုး ဝင်ရောက်ရမည်။

ဘုတ်အဖွဲ့ဝင်များသည် ဘုတ်အဖွဲ့အတွင်း ၄င်းတို့၏ လုပ်ဆောင်မှုများကို မဲပေးခဲ့သူများထံသို့ အစီရင်ခံရမည်။ ဘုတ်အဖွဲ့ဝင်များသည် ရာထူးသက်တမ်း ဆက်တိုက် အရွေးချယ်ခံနိုင်သည်။

၂၅။

ဘုတ်အဖွဲ့ (Board of Directors) ၏ ဥက္ကဌကို ဘုတ်အဖွဲ့ဝင်များထဲမှ တစ်ဦးအား ဘုတ်အဖွဲ့က ရွေးကောက်တင်မြှောက်ရမည်။ ဥက္ကဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ရန်အတွက်၊ ဥက္ကဌလောင်း (candidate) တစ်ဦးသည် အနည်းဆုံး ထောက်ခံမဲ ငါးမဲ ရရှိရမည်။

၂၆။

ဘုတ်အဖွဲ့ဝင်တိုင်းသည် တစ်မဲစီ ပေးခွင့်ရှိရမည်။

ဘုတ်အဖွဲ့ အစည်းအဝေးအား ဘုတ်အဖွဲ့ ဥက္ကဌက ဦးဆောင်ကျင်းပရမည်။ အကယ်၍ ဥက္ကဌ မတက်ရောက်ပါက၊ အစည်းအဝေးက ရွေးချယ်တင်မြှောက်သော ဘုတ်အဖွဲ့ဝင် တစ်ဦးက အစည်းအဝေးကို ဦးဆောင်ကျင်းပရမည်။

ဘုတ်အဖွဲ့၏ အစည်းအဝေးများကို တစ်နှစ်လျှင် အနည်းဆုံး ၄ ကြိမ် ကျင်းပရမည်ဖြစ်ပြီး၊ ကျင်းပမည့်နေ့ နှင့် အစည်းအဝေး အစီအစဉ်အား၊ အစည်းအဝေးကျင်းပမည့်နေ့ မတိုင်မီ အနည်းဆုံး အလုပ်လုပ်ရက် ၅ ရက် (5 working days) ကြိုတင်၍ အဖွဲ့ဝင်များထံ အသိပေး ကြေညာရမည်။

ဘုတ်အဖွဲ့၏ အစည်းအဝေး အထမြောက်ရန်အတွက် အနည်းဆုံး ဘုတ်အဖွဲ့ဝင်စုစုပေါင်း ဦးရေ၏ တစ်ဝက်ကျော် တက်ရောက်ရမည်။

ဤအခြေခံစည်းမျဉ်းများထဲတွင် အခြားနည်းဖြင့် ဖော်ပြထားခြင်း မရှိလျှင် ဆုံးဖြတ်ချက်များကို  မဲခွဲဆုံးဖြတ်ခြင်းဖြင့် ပြုလုပ်ရမည်။

မဲပေးခွင့် တန်းတူရည်တူ ရှိစေရန်အတွက် ဘုတ်အဖွဲ့ ဥက္ကဌ အနေဖြင့် ဆန္ဒမဲ တစ်မဲ ပေးပိုင်ခွင့် ရှိရမည်။

၂၇။

အကယ်၍ ၊ ဆွေးနွေးနေသော ကိစ္စရပ်တစ်ခုနှင့် ပတ်သတ်၍ ဘုတ်အဖွဲ့ဝင်တစ်ဦးတွင် အကျိုးစီးပွါး ငြိစွန်းမှု (conflict of interest) တစ်ရပ် ရှိနေပါက၊ ထိုသူသည် ထိုက်သင့်သော ရှင်းပြမှုကို ပြုလုပ်ရမည် ဖြစ်ကာ၊ မဲမပေးဘဲ နေရမည်။

အကယ်၍ ဥက္ကဌတွင် အကျိုးစီးပွါး ငြိစွန်းမှု (conflict of interest) တစ်ရပ် ရှိပါက၊ ဘုတ်အဖွဲ့က ရွေးကောက်တင်မြောက်သော အခြား အဖွဲ့ဝင်တစ်ဦးက အစည်းအဝေးကို ဦးဆောင်ပြုလုပ်ရမည်။

ဘုတ်အဖွဲ့ဝင် တစ်ဦးသည် ဤအဖွဲ့အစည်းနှင့် တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စမျိုးတွင် ထိုဘုတ်အဖွဲ့ဝင်၏ ကိုယ်ပိုင်အကျိုးစီးပွါး တစ်ခုခုနှင့် ပတ်သတ်နေပါက၊ သို့မဟုတ် ထိုကဲ့သို့သော သဘောသဘာဝမျိုးရှိသည့် အကြံပြုချက်တစ်ရပ် တင်သွင်းရန်ရှိပါက ဘုတ်အဖွဲ့ကို အစီရင်ခံရပါမည်။

ထိုကိစ္စမျိုးမှာ အကျိုးစီးပွါးငြိစွန်းမှု (conflict of interest) တစ်ရပ်ကို ထင်ဟပ်နေသောကြောင့် သက်ဆိုင်ရာ ဘုတ်အဖွဲ့ဝင်အနေဖြင့် ထိုကိစ္စရပ်အား မဲခွဲဆုံးဖြတ်မှုတွင် ပါဝင်ခြင်း မပြုရပေ။

၂၈။

ဘုတ်အဖွဲ့သည် ဘုတ်အဖွဲ့၏ ပထမဆုံး အစည်းအဝေးတွင် လက်ခံအတည်ပြုခဲ့သော business order ကို လိုက်နာရမည်။

အစည်းအဝေးများအား မှတ်တမ်းတင်ရမည်ဖြစ်ကာ အစည်းအဝေးတွင် ပါဝင်သူအားလုံးက အစည်းအဝေးဆုံးဖြတ်ချက်များကို လက်မှတ်ရေးထိုးရမည်။

၂၉။

GA ၏ သဘောတူခွင့်ပြုချက် မပါဘဲ၊ ဘုတ်အဖွဲ့ဝင်များကို ဝန်ဆောင်မှုအတွက် ပေးငွေ (remuneration) သို့မဟုတ် နစ်နာကြေး (compensation) များ မပေးရ။ ထို့ပြင် ဝန်ဆောင်မှုအတွက် ပေးငွေ (remuneration) သို့မဟုတ် နစ်နာကြေး (compensation)များသည် ထိုက်သင့်သော ပမာဏ ဖြစ်သောအခါနှင့် ဤအဖွဲ့အစည်းအတွက်လုပ်ငန်းလုပ်ဆောင်ပေးမှသာ GA ၏ သဘောတူခွင့်ပြုချက်ဖြင့် ပေးရန်ဖြစ်သည်။

အခန်း (၆)

ကော်မတီများ

၃၀။

ဤအဖွဲ့အစည်းသည်၊ စာနယ်ဇင်း ပညာရေး အဖွဲ့အစည်း (institutions) များ၊ စာနယ်ဇင်း ပညာရေး နှင့် သင်ကြားရေး နယ်ပယ်ထဲမှ အခြား သက်ဆိုင်သူ (stakeholder) များမှ ကိုယ်စားလှယ်များဖြင့် သင်ကြားရေးကော်မတီ (Training Committee) တစ်ရပ်ကို ဖွဲ့စည်းရမည်။ သင်ကြားရေးကော်မတီ၏ အသင်းဝင်များနှင့် လုပ်ပိုင်ခွင့်ကို ဘုတ်အဖွဲ့က ဆုံးဖြတ်ပေးရန် ဖြစ်သည်။

၃၁။

ဤအဖွဲ့အစည်း၏ ရည်မှန်းချက်များကို အထောက်အကူပြုနိုင်သည်ဟု ယူဆရပါကဘုတ်အဖွဲ့ အနေဖြင့် အခြားသော ကော်မတီများနှင့် အကြံပေးအဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်သည်။

အခန်း (၇)

စီမံခန့်ခွဲရေး ဒါရိုက်တာ (Managing Director)

၃၂။ Managing Director သည်ဤအဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲရမည်။ Managing Director သည် ဘုတ်အဖွဲ့ဝင် မဖြစ်ရ၊ သို့ရာတွင် စည်းမျဉ်း တစ်ခုအဖြစ်၊ Managing Director သည် ဘုတ်အဖွဲ့၏ အစည်းအဝေးများသို့ တက်ရောက်ရမည်။

၃၃။

ဘုတ်အဖွဲ့ဝင်များသည်၊ လေးနှစ်တာ ရာထူးသက်တမ်းရှိမည့် Managing Director ကို အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရွေးချယ်ခန့်အပ်ရမည်။

က။       အဓိက လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ Managing Director ရာထူးအတွက် လိုအပ်သော တစ်ကိုရည် အရည်အချင်းများနှင့် ပညာရပ် အရည်အချင်းများ နှင့် မှတ်ပုံတင်ရေးအတွက် လိုအပ်သော စာရွက်စာတမ်းများကို ဖော်ပြ၍ အများသိအောင် ကြေညာရမည်။

ခ။         ဤ Managing Director ရာထူးအတွက် လမ်းညွှန်ချက် (guideline) များကို ဘုတ်အဖွဲ့က အတည်ပြုရမည်ဖြစ်ကာ၊ ထို ရာထူးလမ်းညွှန်ချက်များ နှင့် ပတ်သတ်သော အချက်အလက်များနှင့် အတူ ဤအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို ဤရာထူးအတွက် လျှောက်ထားနိုင်ခြေရှိသူ အားလုံးအား၊ တောင်းဆိုချက်အပေါ် မူတည်၍ ပေးအပ်ရမည်ဖြစ်သည်။

ဂ။         ထုတ်ပြန်ကြေညာချက်ကို အခြေခံ၍၊ ရာထူးလျှောက်လွှာများ အားလုံး နှင့် ပူးတွဲပါရှိသော စာရွက်စာတမ်း အထောက်အထားများကို ဘုတ်အဖွဲ့က လေ့လာအကဲဖြတ်ကာ၊ အလုပ်အင်တာဗျူးးများအတွက် အနည်းဆုံး၊ လျှောက်ထားသူ သုံးဦးကို ရွေးချယ်ကာ၊ အင်တာဗျူးများကို ဘုတ်အဖွဲ့က စီစဉ်ပြုလုပ်ရမည်။

ဃ။       အလုပ်အင်တာဗျူး များကို အခြေခံ၍၊ မည်သူအား ခန့်အပ်သင့်ကြောင်းကို ဘုတ်အဖွဲ့က ဆုံးဖြတ်ရမည်။

င။         အထက်ဖော်ပြပါ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အားလုံးအား ချမှတ်နိုင်ရေးအတွက်၊ မဲပေးသူ ဘုတ်အဖွဲ့ဝင် စုစုပေါင်း၏ အနည်းဆုံး သုံးပုံနှစ်ပုံက  ထောက်ခံမဲပေးရန် လိုအပ်သည်။

စ။         ခန့်အပ်ရန် ရွေးချယ်ထားသော အင်တာဗျူးဖြေဆိုသူ နှင့် အလုပ်ခန့်ထားမှု စာချုပ် ချုပ်ဆိုရေးအတွက် ဘုတ်အဖွဲ့သည် ဥက္ကဌအား လုပ်ပိုင်ခွင့် (mandate) တစ်ရပ်ပေးရမည်။ Mandate ထဲတွင် လစာနှုန်းထား၊ အကျိုးကျေးဇူးများ၊ လုပ်ငန်းခွင်အခြေအနေများ၊ တာဝန်များ နှင့် ဝတ္တရားများ  စသည်တို့နှင့် ပတ်သတ်၍ ဖော်ပြထားသော လမ်းညွှန်ချက်များ ပါဝင်ရမည်။

၃၄။

မဲပေးသူ ဘုတ်အဖွဲ့ဝင်စုစုပေါင်း၏ အနည်းဆုံး သုံးပုံနှစ်ပုံ ၏ ထောက်ခံသဘောတူညီချက်ဖြင့် Managing Director အတွက် အလုပ်ခန့်ထားမှု စာချုပ် ကို သက်တမ်းတိုးနိုင် သည်။ အလုပ်ခန့်ထားမှု ကာလ နှင့် ပတ်သတ်၍ သို့မဟုတ် အလုပ်ခန့်ထားမှုစာချုပ်အား သက်တမ်းတိုးနိုင်မည့် အကြိမ်အရေအတွက် နှင့် ပတ်သတ်၍ ကန့်သတ်ထားခြင်း မရှိပါ။

ဤသို့သော ကိစ္စများအတွက် အထက်တွင် ဖော်ပြထားခဲ့သော အလုပ်ခန့်ထားရေး လုပ်ထုံးလုပ်နည်းကို အကောင်အထည် မဖော်ရပါ။ ဘုတ်အဖွဲ့ဝင်စုစုပေါင်း၏ အနည်းဆုံး သုံးပုံနှစ်ပုံ ၏ ထောက်ခံသဘောတူညီချက်ဖြင့်၊ ဘုတ်အဖွဲ့သည် Managing Director အလုပ်ခန့်ထားမှု စာချုပ်ကို ဖျက်သိမ်းနိုင်သည်။ Managing Director ကလည်း စာချုပ်ကို ဖျက်သိမ်းနိုင်သည်။ ထိုကိစ္စရပ် နှစ်ခုလုံးတွင်သုံးလကြိုတင်၍ အကြောင်းကြားကာ စာချုပ်ဖျက်သိမ်းရေးကို ပြုလုပ်ရမည်။

၃၅။

Managing Director အား ပေးအပ်ရမည့် လုပ်ပိုင်ခွင့်များမှာ

က။       ဤအဖွဲ့အစည်း၏ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို စီမံခန့်ခွဲရန် နှင့် ဘုတ်အဖွဲ့ထံသို့ အစီရင်ခံရန်

ခ။         ကြားလူ (third person) များနှင့် ဥပဒေဆိုင်ရာ ဆက်ဆံရေးများတွင် ဤအဖွဲ့အစည်းကို ကိုယ်စားပြုရန် (သို့ရာတွင် အချို့ကိစ္စရပ်များ၌ ထိုကဲ့သို့ ကိုယ်စားပြုခွင့်ကို ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် တစ်ရပ်ဖြင့် ကန့်သတ်ကောင်း ကန့်သတ်နိုင်သည်။)

ဂ။         ဘုတ်အဖွဲ့က ပြဌာန်းထားသော လုပ်ပိုင်ခွင့် မူဘောင် အတွင်းမှ နေ၍ ဤအဖွဲ့အစည်း၏ ငွေကြေးဥစ္စာများကို ရှင်းထုတ်ရန်

ဃ။       နှစ်စဉ် နှင့် ၂နှစ်တစ်ကြိမ် ဘဏ်ဏ္ဍာရေး နှင့် စီးပွါးရေး အစီအစဉ်များ နှင့် ဘတ်ဂျတ်များ ရေးဆွဲရန်၊ ဤအဖွဲ့အစည်း၏ အဓိက စီးပွါးရေး ဦးတည်ချက်များ နှင့် နှစ်စဉ် စီးပွါးရေး အစီအစဉ်များအား ဖြည့်ဆည်းပေးနိုင်မည့် ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကာ၊ ဘုတ်အဖွဲ့သို့ အစီရင်ခံရမည်။

င။         ဤအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများအား ငွေကြေးမတည် ရန် လိုအပ်သော ရန်ပုံငွေများ မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ရန် နှင့် ထိုလုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးကျယ်ပြန့်လာစေရေးအတွက် လုပ်ဆောင်ရန်

စ။

ဝန်ထမ်းများ၏ နေ့စဉ်အလုပ်ကို ကြီးကြပ်ကွပ်ကဲရန်၊ အလုပ်သမားများကို စာချုပ်စာတမ်းဖြင့် ခန့်အပ်ရန် နှင့် အလုပ်သမားများအား အလုပ်မှ ထွက်ခွာခွင့်ပေးရန်/ထုတ်ပယ်ရန်

ဆ။

ဘုတ်အဖွဲ့မှ ပေးအပ်လာသော အခြားတာဝန်များနှင့်၊ ဝတ္တရားအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆုံးဖြတ်ဆောင်ရွက်ရန်

၃၆။

သူ၏ ကိုယ်ပိုင် အကျိုးစီးပွါးများအတွက် Managing Director သည်ဤအဖွဲ့အစည်း၏ ကိုယ်စား စာချုပ်များနှင့် သဘောတူညီချက်များကို မပြုလုပ်ရပါ။ Managing Director ၏ မဆင်မခြင် ပြုမူမှု၊ ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု၊ လိမ်လည်မှု နှင့် ဥပဒေနှင့်မညီညွတ်သော အခြားလုပ်ရပ်များကြောင့် ဤအဖွဲ့အစည်းနှင့် အခြားသူများကို ထိခိုက်လာပါက၊ ထိုထိခိုက်နစ်နာမှုများအတွက် Managing Director က တာဝန်ယူရမည်။ ဘုတ်အဖွဲ့၏ သဘောတူခွင့်ပြုချက် မပါဘဲ Managing Director အနေဖြင့်၊ စီမံခန့်ခွဲရေး အဖွဲ့အစည်း (management body) တစ်ခုခု သို့မဟုတ် အခြား စီးပွါးရေး အဖွဲ့အစည်းများသို့ ဝင်ရောက် အလုပ်လုပ်ခြင်း မပြုရပါ။

အခန်း (၈)

ဘဏ်ဏ္ဍာရေး (Finances) ၊ ဘဏ်ဏ္ဍာရေးအစီရင်ခံ ကာလများ (FUND REPORTING PERIOD)၊ ဘဏ်ဏ္ဍာရေးနှစ် (ACCOUNTING YEARS)  နှင့်  စာရင်းစစ်ခြင်း

၃၇။

ဤအဖွဲ့အစည်း သည်

က။ အဖွဲ့အစည်း၏ ကိုယ်ပိုင် ငွေကြေးဖြင့် ရပ်တည်ရမည်။

ခ။ အဖွဲ့အစည်း၏ ဘဏ်ဏ္ဍာရေး ကိစ္စရပ်များကို အကောင်အထည်ဖော်သည့် တာဝန်ကို ယူရမည်။

ဂ။ အစိုးရ အဖွဲ့အစည်း (institution) များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အလှူရှင်များ၊ ဘဏ်ဏ္ဍာရေး အဖွဲ့အစည်း (entity) များ နှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ ထံမှ ထောက်ပံ့ကြေးများ၊ ထည့်ဝင်ကြေးများ၊ ချေးငွေ (loan) များကို လက်ခံခွင့်ရှိသည်။

၃၈။

ဤအဖွဲ့အစည်း ၏ ငွေကြေးများကို၊ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဘဏ်စာရင်းများ/ဘဏ်အကောင့်များ ထဲတွင် ထည့်ထားရမည်ဖြစ်ကာ၊ ဤအဖွဲ့အစည်း ၏ ဘဏ်ဏ္ဍာရေး စည်းမျဉ်း များနှင့်အညီ အသုံးပြုရမည်။

ဤအဖွဲ့အစည်းသည် ဘဏ်စာရင်း/ဘဏ်အကောင့် များကို နိုင်ငံခြားငွေဖြင့်လည်း ဖွင့်နိုင်သည်။

၃၉။ ဤအဖွဲ့အစည်းသည် ဝင်ငွေ နှင့် အသုံးစရိတ် ငွေစာရင်းရှင်းတမ်းများ (the statement of accounts) ကို စီမံခန့်ခွဲရမည်။ စာရင်းစစ်၏ အစီရင်ခံစာထဲတွင် ပါဝင်ရမည်များမှာ

က။ စီမံခန့်ခွဲရေး နှင့် ဘဏ်ဏ္ဍာရေး ဒါရိုက်တာ (Director of Administration and Finance)သည် ဝင်ငွေ နှင့် အသုံးစရိတ် ငွေစာရင်းရှင်းတမ်းများ (Statement of accounts on income and expenditures) ကို ရေးဆွဲရန် တာဝန်ရှိသည်။

ခ။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ၊ ဘဏ်ဏ္ဍာရေး အစီရင်ခံစာ ကို ပြင်ပ စာရင်းစစ် အစီရင်ခံစာ နှင့် အတူ ဘုတ်အဖွဲ့သို့ တင်သွင်းရပါမည်။

ဂ။ ငွေစာရင်းရှင်းတမ်း နှင့် ပြင်ပ စာရင်းစစ် အစီရင်ခံစာကို နှစ်စဉ်အထွထွေအေစည်းအဝေးသို့ တင်သွင်းရပါမည်။

ဃ။ နှစ်စဉ် ငွေစာရင်းရှင်းတမ်းကို၊ General Assembly နေ့မှစ၍ ၂၁ ရက်အတွင်း

ကုမ္ပဏီများမှတ်ပုံတင်အရာရှိ (Register of Companies) ထံသို့၊ မှတ်ပုံတင်ရေးအတွက် ပေးပို့ရမည်။

၄၀။

ဘုတ်အဖွဲ့ နှင့် Managing Director တို့သည် နှစ်စဉ် အစီရင်ခံစာများကို နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) သို့ တင်သွင်းရမည်။ သို့မဟုတ် အထူးအထွထွေအေစည်းအဝေး (EGM) တစ်ရပ်က တောင်းဆိုလာလျှင် အစီရင်ခံစာ တင်သွင်းရမည်။

၄၁။

ဤအဖွဲ့အစည်း ၏ ဘဏ်ဏ္ဍာရေးနှစ် (Budget year) မှာ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။

၄၂။

ဤအဖွဲ့အစည်း ၏ ဘဏ်ဏ္ဍာရေး ကို စစ်ဆေးရန်အတွက်၊ ခွင့်ပြုချက်ရ စာရင်းစစ် ကုမ္ပဏီ တစ်ခုကို ဘုတ်အဖွဲ့က ရွေးချယ်ရမည်။

စာရင်းစစ်ခြင်း လုပ်ငန်းစဉ်ကို စာရင်းစစ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အကောင်အထည်ဖော်ရမည်။ စာရင်းစစ်ခြင်း အကြိမ်အရေအတွက်မှာ တစ်နှစ်လျှင် တစ်ကြိမ်ထက် မနည်းစေရ။

Managing Director သည်၊ ရွေးချယ်ထားသော စာရင်းစစ် ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုရမည်။ စာရင်းစစ်နှင့် စာချုပ် ရပ်စဲခြင်း ပြုလုပ်လိုလျှင်၊ စာရင်းစစ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ပြဌာန်းထားသော အချက်အလက်များနှင့် အညီ၊ ဘုတ်အဖွဲ့၏ သဘောတူညီချက်ဖြင့်၊ ပြုလုပ်ရမည်။

၄၃။

လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်ဆိုင်ရာ အသိတရားများ မြင့်မားလာစေရေး ရည်ရွယ်ချက်များဖြင့်၊  အဂတိလိုက်စားမှုတားဆီးရေး တာဝန်ကို ဤအဖွဲ့အစည်း က ယူရမည်။

အဂတိလိုက်စားမှု တားဆီးရေးအတွက်၊ ဥပဒေရေးရာ၊ အဖွဲ့အစည်းဆိုင်ရာ (institutional) သို့မဟုတ် စီမံခန့်ခွဲအုပ်ချုပ်ရေးဆိုင်ရာ ရှေ့နောက်မညီမှုများကို ဖယ်ရှားရန် လိုအပ်သည်ဟု ဤအဖွဲ့အစည်း က ယူဆပါက၊ သို့မဟုတ် အခြားဆက်စပ်နေသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု ယူဆပါက၊ ဤအဖွဲ့အစည်း အနေဖြင့် အထက်ဖော်ပြပါ ချို့ယွင်းချက်များကို ချက်ခြင်း ပြုပြင်ပေးရမည်။

သင့်တင့်လျှောက်ပတ်သော နည်းလမ်းများကို ပညာပေး လှုပ်ရှားမှု နှင့် စည်းရုံးရေး လှုပ်ရှားမှုများ အဖြစ် အသုံးပြုခြင်းအားဖြင့်၊ ဤအဖွဲ့အစည်း ၏ အလုပ်သမားများနှင့် မြန်မာနိုင်ငံသားများအကြား၊ အဂတိလိုက်စားမှုတားဆီးရေး အသိတရားများ မြင့်တက်လာစေရန် ဤအဖွဲ့အစည်း က အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ရမည်။

အဂတိလိုက်စားမှုတားဆီးရေးနှင့်ပတ်သတ်သော နိုင်ငံတကာ ပူးပေါင်းဆောက်ရွက်မှုများ နှင့် ဖလှယ်မှုများ မြှင့်တင်နိုင်ရန် အတွက် ဤအဖွဲ့အစည်း သည် စိတ်ပိုင်းဖြတ်ထားသော ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ရမည်။

အခန်း (၉)

ဤ အခြေခံစည်းမျဉ်းများအား ပြင်ဆင်ပြောင်းလဲခြင်း

၄၄။

အထွထွေေ စီမံရေး အဖွဲ့ (General Assembly) ၏ စုစုပေါင်းဦးရေ အနက် သုံးပုံနှစ်ပုံက၊ လက်ရှိ အခြေခံစည်းမျဉ်းများအား ပြင်ဆင်ပြောင်းလဲရေးကို ထောက်ခံမဲပေးလျှင် ပြင်ဆင်ပြောင်းလဲနိုင်သည်။

အခန်း (၁၀)

ဤအဖွဲ့အစည်း ဖျက်သိမ်းခြင်း နှင့် ပစ်စည်းဥစ္စာများ စာရင်းရှင်းခြင်း (DISSOLUTION AND LIQUIDATION OF THE ASSOCIATION)

၄၅။

ဤအဖွဲ့အစည်းအား အောက်ဖော်ပြပါ အကြောင်းပြချက်များထဲမှ တစ်ခုခုကြောင့် ဖျက်သိမ်းနိုင်သည်။

(က) နှစ်စဉ်အထွထွေအေစည်းအဝေး (AGM) တစ်ခု တွင် အဖွဲ့ဝင်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက၊ ဤအဖွဲ့အစည်း ဖျက်သိမ်းရေးကို ထောက်ခံဆုံးဖြတ်လျှင် ဖျက်သိမ်းနိုင်သည်။

(ခ)ဒေဝါလီခံခြင်း အက်ဥပဒေ (Insolvency Act) အရ၊ အကြွေးများဆပ်ရန် ငွေအလုံအလောက်မရှိ (insolvent) ဟု တရားရုံးက အဆုံးအဖြတ်ချမှတ်လျှင်

(ဂ) အမျိုးသားစီမံကိန်းနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက၊ မြန်မာ ကုမ္ပဏီများ အက်ဥပဒေ အရ ဤအဖွဲ့အစည်း ဖျက်သိမ်းရန် အမိန့်ပေးလာလျှင်

(ဃ)တရားရုံးက မြန်မာ ကုမ္ပဏီများ အက်ဥပဒေ အရ ဤအဖွဲ့အစည်း ဖျက်သိမ်းရန် အဆုံးအဖြတ်ချမှတ်လျှင်

၄၆။

ဤအဖွဲ့အစည်းအား ဖျက်သိမ်းရန် ဆုံးဖြတ်သော အခါတွင်၊ ဤအဖွဲ့အစည်း၏ ပေးဆပ်ရန် ရှိသည်  များ (liabilities) ကို ပေးဆပ်ပြီးချိန်၌ ကျန်ရှိနေသေးသည့် ပစ်စည်းဥစ္စာ (assets) များကို လက်ခံရယူရမည့် အဖွဲ့အစည်း (သို့မဟုတ်)ဖောင်ဒေးရှင်း၏ အမည်ကို အထွထွေေ စီမံရေး အဖွဲ့ (General Assembly) ညွှန်ပြရမည်။ ထိုကဲ့သို့ ရွေးချယ်မည့် အဖွဲ့အစည်း(များ) သို့မဟုတ် ဖောင်ဒေးရှင်း(များ)မှာ ဤအဖွဲ့အစည်းနှင့် ထပ်တူကျသော (သို့မဟုတ်) ဆင်တူသော ရည်ရွယ်ချက်များ ရှိကြသော အဖွဲ့အစည်းများ ဖြစ်ရမည်။

အခန်း (၁၁)

ယာယီ ဒါရိုက်တာ အဖွဲ့ (ယာယီ ဘုတ်အဖွဲ့) (TEMPORARY BOARD OF DIRECTORS)

၄၇။

ဤအဖွဲ့အစည်း၏ အခြေခံစည်းမျဉ်း များနှင့် အညီ ပုံမှန် ဘုတ်အဖွဲ့ကို မရွေးကောက်ရသေးမီ အချိန်အထိ၊ ပူးတွဲဖော်ပြပါ စာရင်းထဲမှ ပုဂ္ဂိုလ်များသည် ယာယီဘုတ်အဖွဲ့ဝင် များအဖြစ် တာဝန်ယူလိမ့်မည်။

၄၈။

ကုမ္ပဏီ မှတ်ပုံတင်ရုံးတွင် ဤအဖွဲ့အစည်းမှတ်ပုံတင်ပြီးနောက် ၄ လ အတွင်းတွင် ကျင်းပမည့် အထူးအထွထွေအေစည်းအဝေး (Extraordinary General Assembly) တွင် ဘုတ်အဖွဲ့ကို ရွေးကောက်တင်မြောက်သည့် အချိန်အထိ၊ ယာယီဘုတ်အဖွဲ့သည် ဤအဖွဲ့အစည်း၏ တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

အခန်း (၁၂)

အထွေထွေ

၄၉။ ဤအဖွဲ့အစည်း တည်ထောင်ရေး အစည်းအဝေး (Founding General Assembly) ၏ ဆုံးဖြတ်ချက် နှင့် အညီ၊ ဤအခြေခံစည်းမျဉ်းများအား မတ်လ ၂၃ ရက်နေ (၂၃-၄-၂၀၁၄) တွင် လက်ခံ အတည်ပြုလိုက်သည်။

၅၀။

ဤအဖွဲ့အစည်း၏ Memorandum နှင့် ဤအဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများ (Articles of The Association) သည်၊ မြန်မာကုမ္ပဏီများ အက်ဥပဒေ၏ ပုဒ်မ ၂၆ အရ ဤအဖွဲ့အစည်း၏ မှတ်ပုံတင်ခြင်းအတွက် လိုင်စင်ထုတ်ပေးသော နေ့မှ စတင်၍ အကျိုးသက်ရောက်မည်။