သတင်းပညာ အချိန်ပိုင်း ဒီပလိုမာ သင်တန်းသားလျှောက်လွှာများ လက်ခံချိန်ကို ဇွန်လ ၁၅ ရက်နေ့အထိ တိုးမြှင့်လိုက်ပါပြီ

သင်တန်းလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ ဇွန်လ ၁၅ ရက်၊ ၂၀၁၆ ခုနှစ် ဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီး ပထမအဆင့် အင်တာဗျူးမည့်ရက်မှာ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အတွင်း ဖြစ်သည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) သည် တစ်နှစ်ကြာ Part-time Diploma in Journalism သင်တန်းကို အလုပ်လုပ်နေသော သတင်းစာဆရာများအတွက် ဖွင့်လှစ်သွားမှာဖြစ်ပါသည်။

တည်နေရာ။             ။ ရန်ကုန်

အများပြည်သူတို့ကို အင်ဖော်မေးရှင်း သတင်းအချက်အလက်များ မျှဝေလိုသော ၀ါသနာကို အရင်းခံ၍ သတင်းစာပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ရွေးချယ်ခဲ့ကြသည်။ အလုပ်လုပ်ရင်း သတင်းစာပညာကို နိုင်ငံတကာ စံချိန်မီ စနစ်တကျသင်ယူလိုသော ဆန္ဒများ လူငယ်လူရွယ် အများအပြားတွင် ပေါ်ပေါက်ကြဖူးပါလိမ့်မည်။ ကမ္ဘာနှင့်အ၀ှမ်း ပြောင်းလဲဖြစ်ထွန်းနေသော မီဒီယာအခင်းအကျင်း၊ နည်းပညာ၊ ဗဟုသုတများကို အမှီလိုက်နိုင်ရန်အတွက်လည်း စဉ်ဆက်မပြတ် သင်ယူလေ့လာနေဖို့လည်း လိုအပ်ပြန်သည်။

မြန်မာသတင်းပညာသိပ္ပံက ငယ်ရွယ်သူ သတင်းစာဆရာများ အဓိကလိုအပ်သော ကျွမ်းကျင်မှုများနှင့် ဗဟုသုတများဖြည့်ဆည်းနိုင်ရန် နေ့တစ်ပိုင်းသင်ယူနိုင်မည့် “Part-time Diploma Journalism” ဒုတိယအပတ်စဉ် သင်တန်းကို ဇွန်လ ၂၀၁၆ ခုနှစ် မှစတင် ဖွင့်လှစ်သွားမှာဖြစ်သည် ။ အလုပ်လုပ်ရင်း တစ်ဖက်တစ်လမ်းမှ ပညာဖြည့်ဆည်းလိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ သင်တန်းသည် မာလ်တီမီဒီယာဖြစ်၍   ပုံနှိပ်မီဒီယာသာမက ရေဒီယို၊ ဗီဒီယို၊ အွန်လိုင်းတို့ကိုပါ လုပ်ကိုင်နိုင်အောင် သင်ကြားပေးသည်။

ပြည်တွင်း ပြည်ပမှအတွေ့အကြုံရင့် ဆရာများက ပို့ချသော ဒီပလိုမာဘွဲ့ပေးအပ်မည့် သင်တန်းသည် သင်တန်းခန်းမအတွင်း သင်ယူခြင်းအပြင် e-learning (အီလက်ထရောနစ် အထောက်အကူပြုသင်ကြားရေး) အရင်းအမြစ်ကိုလည်း အသုံးပြုသလို လက်တွေ့ကွင်းဆင်းခြင်း၊ တို့လည်း ပါဝင်သဖြင့် ထူးကဲသော အခွင့်အလမ်းကောင်း ဖြစ်သည်။

ဘယ်သူတွေ လျှောက်ထားနိုင်သလဲ

  • မည်သည့် မီဒီယာတွင် မဆို (ပုံနှိပ်၊ ရေဒီယို၊ တီဗီ၊ အွန်လိုင်း) အနည်းဆုံး သတင်းလုပ်သက် ၂ နှစ်ရှိသူ
  • သက်ဆိုင်ရာ သတင်းတိုက်၏ ထောက်ခံခွင့်ပြုချက် ရမည့်သူ
  • မြန်မာဘာသာစကားကို တတ်ကျွမ်းသူ

သင်တန်းကြေး၊ ပညာသင်ထောက်ပံ့ကြေးနှင့် ရွေးချယ်မှု

သင်တန်းကြေးမှာ ဒီပလိုမာဘွဲ့ရ တစ်နှစ်လုံးအတွက် မြန်မာကျပ်ငွေ ၁၂ သိန်းဖြစ်ပြီး သုံးကြိမ်အရစ်ကျ ပေးသွင်းနိုင်ပါသည်။ သင်တန်းအတွက် လျှောက်ထားသူများသည် ပညာသင်ထောက်ပံ့ကြေးရယူလိုလျှင် လျှောက်ထားခွင့်ရှိသည်။ ဒုတိယအပတ်စဉ်အတွက် သင်တန်းသား အယောက် ၂၀ ရွေးချယ်မှာဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့် သင်တန်းသားရွေးချယ်မှုတို့ကို သီးခြားစဉ်းစားသွားမှာဖြစ်သည်။

မြန်မာသတင်းပညာသိပ္ပံအကြောင်း

မြန်မာသတင်းပညာသိပ္ပံသည် (Myanmar Journalism Institute – MJI) မူဝါဒဆိုင်ရာ အမှီအခို ကင်း၍ လွတ်လပ်သော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၄ ဇူလိုင်လတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အကျိုးအမြတ်မယူသော ကုမ္ပဏီ အဖြစ် မှတ်ပုံတင်ရရှိခဲ့သည့် အသင်းအဖွဲ့ ဖြစ်ပါသည်။ အဖွဲ့အစည်း၏ အဓိက လုပ်ငန်းဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တို့တွင် နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်မီသော သတင်းပညာရပ်ဆိုင်ရာ သင်တန်းများအား ပို့ချပေးခြင်း၊ ဒီပလိုမာသင်တန်းများ ပို့ချခြင်း၊ သတင်းမီဒီယာအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးရလဒ်များ ရရှိနိုင်စေရန် ရည်သန်၍ အသင်းဝင်များဖြင့် ချိတ်ဆက် ဆောက်ရွက်နေပါသည်။ MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှ ဆရာများဖြင့် ပို့ချလျက်ရှိသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) နှင့် ပက်သက်ပြီး ပိုမိုစုံလင်စွာ သိရှိလိုပါက http://www.mjimyanmar.org/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

သင်တန်းလျှောက်လွှာများကို ရယူရန် ဤနေရာတွင် ကလစ်နှိပ်ပါ။

Employer Declaration Form(မိမိလက်ရှိလုပ်ကိုင်နေသော သတင်းတိုက်(သို့)အထက်အရာရှိ ၏ ခွင့်ပြုချက်ဖောင်) ကို ရယူရန်  ဤနေရာတွင်ကလစ်နှိပ်ပါ။

သင်တန်းလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ မေလ ၂၇ ရက်၊ ၂၀၁၆ ခုနှစ် ဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီး ပထမအဆင့် အင်တာဗျူးမည့်ရက်မှာ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့များအထိ ဖြစ်သည်။

သင်တန်းလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ ဇွန်လ ၁၅ရက်၊ ၂၀၁၆ ခုနှစ် ဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီး ပထမအဆင့် အင်တာဗျူးမည့်ရက်မှာ လျှောက်လွှာ့ပိန်သည့်ရက်မှ တပတ်အတွင်း ဖစ်သည်။

သင်တန်းလျှောက်လွှာများကို info@mjimyanmar.orgသို့  အီးမေးလ်ဖြင့်လည်းကောင်း၊ လူကိုယ်တိုင် အောက်ဖော်ပြပါ လိပ်စာ သို့မဟုတ် လူပုဂ္ဂိုလ်သို့လည်းကောင်း ပေးပို့နိုင်ပါသည်။

(MJA) မြန်မာနိုင်ငံသတင်းစာဆရာအသင်း

အမှတ်၁၇၃–၁၇၅၊အခန်းအမှတ်၆၀၃၊ (၆)လွှာ၊ပန်းဆိုးတန်းလမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MJN) မြန်မာဂျာနယ်လစ်ကွန်ယက်

အမှတ် (၁၈၁)၊၃လွှာ၊၃၆လမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MJI) မြန်မာသတင်းပညာသိပ္ပံ

အခန်းအမှတ် ၁၀၂ ၊ တိုက် 2B ၊ ပုဂံအိမ်ရာ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့

ထပ်မံသိရှိလိုသော အကြောင်းအရာများရှိပါက ဆက်သွယ်ရေးအရာရှိ ဦးစိုးဇော်မော် communications@mjimyanmar.org ဖုန်းနံပါတ် 09254384660 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။