မြန်မာသတင်းပညာသိပ္ပံ (MJI) ၏ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ ကြေညာချက်

၂၀၁၆/၂၀၁၇ပညာသင်နှစ် အချိန်ပိုင်းဒီပလိုမာသင်တန်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်ပါသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) မှ  သတင်းပညာ အချိန်ပိုင်းဒီပလိုမာသင်တန်းများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ၂၀၁၆/၂၀၁၇ပညာသင်နှစ် အချိန်ပိုင်းဒီပလိုမာသင်တန်းသားများကို တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် သင်တန်းကြေးနှင့် သင်တန်းနှင့်သက်ဆိုင်သော အခြားကုန်ကျစရိတ်များအတွက် ထောက်ပံ့ကြေးကို လျှောက်ထားနိုင်ပါသည်။

မြန်မာသတင်းပညာသိပ္ပံ (MJI) သည် နိုင်ငံတကာမှ ပုံမှန်ထောက်ပံ့လှူဒါန်းမှုများဖြင့်သာမက သင်တန်းသားများ ထည့်ဝင်ပေးချေသော သင်တန်းကြေးများကို အရင်းအနှီးပြု၍ လည်ပတ်နေပါသည်။ ထို့ကြောင့် ၂၀၁၆/၂၀၁၇ပညာသင်နှစ် အချိန်ပိုင်းဒီပလိုမာသင်တန်းအတွက် သင်တန်းကြေးကို မြန်မာကျပ်ငွေ ၁၂သိန်း သက်မှတ်ထားခြင်းဖြစ်ပါသည်။

သို့ရာတွင် MJI နှင့် လက်တွဲလုပ်ကိုင်နေသော  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ စေတနာကြောင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုအပြင် ယခုနှစ်တွင်မှ ပထမဆုံးအနေဖြင့် သင်တန်းသားတစ်ဦးချင်း၏ ငွေရေးကြေးရေးအခြေအနေအပေါ် မူတည်ပြီး သင်တန်းကြေးလျှော့ပေါ့ပေးသည့် အစီအစဉ်ကိုလည်း စတင်ထည့်သွင်းလိုက်ပါသည်။

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန် လိုအပ်ချက်များ

ထောက်ပံ့ကြေးလျှောက်ထားလိုသူသည် သင်တန်းတက်ရောက်ရန်လိုအပ်သည့် အရည်အချင်းများနှင့် ရှိရမည့်အပြင် ထပ်လောင်း၍ အောက်ပါအချက်များဖြင့်လည်း ကိုက်ညီရန်လိုအပ်သည်။

  • လွန်ခဲ့သော ၂နှစ်အတွင်း သတင်းပညာဖြင့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ခိုင်လုံသည့်မှတ်တမ်း။

  • မြန်မာနိုင်ငံ၏ သတင်းပညာအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း သို့မဟုတ် ပြည်ပတွင် တစ်တပ်တစ်အားပါဝင်အားထုတ်ဖူးကြောင်း အသိအမှတ်ပြုထားရခြင်း။ (ထောက်ခံစာ ၂စောင်ဖြင့် ပူးတွဲတင်ပြရမည်။)

  • ငွေကြေးဆိုင်ရာပံ့ပိုးမှုကို အမှန်တကယ်လိုအပ်နေခြင်း။

(ကျား/မတန်းတူညီမျှမှု၊ လူနည်းစုဝင်ဖြစ်မှု အချက်များကို မူတည်၍ ထောက်ပံ့ကြေးပေးအပ်သူများက ထည့်သွင်းစဉ်းစားပါမည်။)

သင်တန်းကြေးလျှော့ပေါ့ပေးခြင်းအတွက် လိုအပ်ချက်များ

သင်တန်းတက်ရာက်ရန်အရည်အချင်းများနှင့် ပြည့်စုံသည့်အပြင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက သင်တန်းကြေးလျှော့ပေါ့ပေးရန် ထည့်သွင်းစဉ်းစားပါမည်။

  • မိမိဘာသာပေးချေရန် တာဝန်ယူထားသည့် သင်တန်းကြေးကို ပေးချေရန်သဘောတူရမည်။ (သင်တန်းကြေးစုစုပေါင်း၏ အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်းကို မိမိဘာသာပေးချေရမည်။)

  • လျှော့ပေါ့ရန်တောင်းဆိုရသည့် အကြောင်းအရင်းကို ခိုင်လုံစွာပြသနိုင်ရန်အတွက် မိမိ၏ ငွေကြေးဆိုင်ရာ အနေအထားအမှန်ကို ထုတ်ဖော်ပြနိုင်ရမည်။

ပညာသင်ထောက်ပံ့ကြေး ပမာဏ

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် စုစုပေါင်းပေးအပ်မည့် ထောက်ပံ့ကြေးပမာဏသည် အလှူရှင်အဖွဲ့အစည်းမျာ၏ ပံ့ပိုးမှုအပေါ် မူတည်နေသည့်အတွက်ကြောင့် အရည်အချင်း ပြည့်မီသော လျှောက်ထားသူ အားလုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် လုံလောက်မှု ရှိချင်မှသာ ရှိပါလိမ့်မည်။

ထို့ကြောင့် MJI ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရေး ကော်မတီအနေဖြင့် လျှောက်လွှာတစ်ခုချင်းကို စနစ်တကျစီစစ်ပြီး ဖော်ပြပါအရည်အချင်းနှင့် ပြည့်စုံသူများကို မျှတ၍ ပွင့်လင်း မြင်သာစွာ ရွေးချယ်ပေးအပ် သွားမည် ဖြစ်သည်။

ထောက်ပံ့ကြေးကို အသုံးပြုခြင်း

ပညာသင်ထောက်ပံ့ကြေးအပြည့်ကို ရရှိပါက သင်တန်းကြေးအပြင် သွားလာစရိတ်၊ အစားအသောက်၊ စာအုပ်စာတမ်းများ၊ သင်ထောက်ကူ စက်ပစ္စည်များ၊ ကွင်းဆင်းသွားလာရေးစရိတ်များ စသည့် သင်တန်းနှင့် ဆက်စပ်သည့် စရိတ်စကများကိုပါ ထောက်ပံ့မည့်ဖြစ်သည်။

ရန်ကုန်မြို့ ပြင်ပမှ/ပြင်ပသို့ ခရီးသွားလာသည့် စရိတ်များ၊ ရန်ကုန်မြို့တွင် နေထိုင်စရိတ်၊ နေ့စဉ်အသုံးစရိတ်နှင့် သင်တန်းတက်နေသည့်အချိန်အတွင်း အလုပ်မလုပ်နိုင်သောကြောင့် နစ်နာသွားသော ဝင်ငွေများအတွက် အလျော်ပေးခြင်းများ MJI ၏ ပညာသင်ထောက်ပံ့ကြေးတွင် ပါဝင်မည်မဟုတ်ပါ။

လျှောက်ထားရန်

အောက်ဖော်ပြပါ စာရွက်စာတမ်းများအားလုံးကို တင်သွင်းရမည်။

  • အချိန်ပိုင်း ဒီပလိုမာသင်တန်း လျှောက်လွှာ (လိုအပ်သော အခြားစာရွက်စာတမ်းများနှင့်တကွ)

  • ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် သင်တန်းကြေးလျှော့ချခြင်းလျှောက်လွှာ (လိုအပ်သော အခြားစာရွက်စာတမ်းများနှင့်တကွ)

အချိန်ပိုင်း ဒီပလိုမာသင်တန်းလျှော်က်လွှာ ရယူရန် ဤနေရာတွင် ကလစ်နှိပ်ပါ။

Employer Declaration Form(မိမိလက်ရှိလုပ်ကိုင်နေသော သတင်းတိုက်(သို့)အထက်အရာရှိ ၏ ခွင့်ပြုချက်ဖောင်) ကို ရယူရန်  ဤနေရာတွင်ကလစ်နှိပ်ပါ။

ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာများ ရယူရန် ဤနေရာတွင် ကလစ်နှိပ်ပါ

လျှောက်လွှာများကို အောက်ဖော်ပြပါ MJI ရုံးခန်းသို့ လိပ်မူပြီး ပေးပို့ရမည်။

မြန်မာသတင်းပညာသိပ္ပံ၊ ဦးစိုးဇော်မော်၊ အခန်း ၁၀၂၊ တိုက် 2B၊ ပုဂံအိမ်ရာ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ သို့မဟုတ် အီးမေးလ်ဖြင့် communications@mjimyanmar.org သို့ပေးပို့ရပါမည်။

ထပ်မံသိရှိလိုသော အကြောင်းအရာများရှိပါက communications@mjimyanmar.org သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ ဇွန်လ ၁၆ရက်၊ ၂၀၁၆ ဖြစ်ပါသည်။