အချိန်ပြည့် ဒီပလိုမာ သင်တန်းအတွက် လျှောက်လွှာဖောင်များ လက်ခံနေပါပြီ ။

မြန်မာသတင်းပညာသိပ္ပံ အချိန်ပြည့်သတင်းစာပညာ ဒီပလိုမာသင်တန်းသားခေါ်ယူခြင်း

စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ်အတွင်း စတင်မည့် မြန်မာသတင်းပညာသိပ္ပံ၏ ဒုတိယအသုတ် အချိန်ပြည့်သတင်းစာပညာသင်တန်း (Full-time diploma course) အတွက် သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများ စတင်လက်ခံနေပါပြီ။

အချိန်ပြည့်သတင်းစာပညာ ဒီပလိုမာဆိုတာ …..

သတင်းလောကကို ၀င်ရောက်လိုတဲ့ လူငယ်များအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ လက်တွေ့ကို ဦးစားပေးသော မာလ်တီမီဒီယာ (ပုံနှိပ်၊ရေဒီယို၊ဓာတ်ပုံ၊တီဗီ နှင့် အွန်လိုင်း) သတင်းစာပညာသင်တန်းဖြစ်ပါသည်။ သင်တန်းကာလ ကြာမြင့်ချိန်ကတော့ ၁၀ လ ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ သင်တန်းဆရာများက ပို့ချသွားမှာဖြစ်သည်။ မြန်မာဘာသာဖြင့် သင်ကြားပို့ချမှာဖြစ်သည်။ MJI မှပေးအပ်သော ဒီပလိုမာကို UNESCO က အသိအမှတ်ပြုထားသည်။

သင်ရိုးညွှန်းတန်းများတွင်

၁။အခြေခံ သတင်းစာပညာ

၂။ရေဒီယို သတင်းပေးပို့ခြင်း

၃။သတင်းဓာတ်ပုံရိုက်ကူးခြင်း

၎။ ဒစ်ဂျစ်တယ်မီဒီယာ

၎။ရုပ်သံ သတင်းပေးပို့ခြင်း

၅။သတင်းစာကျင့်ဝတ်၊ မီဒီယာဥပဒေ

၆။ သဘာဝပတ်ဝန်းကျင်

၇။ သတင်းသရုပ်ဖော်ဆောင်းပါးရေးသားခြင်း

၈။ဗီဒီယိုကင်မရာ၊ အသံဖမ်းစက်၊ ကင်မရာ စသည်တို့ ကိုင်တွယ်အသုံးပြုနည်းများ

၉။ သတင်းတိုက်များတွင် အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ခြင်း

၁၀။ ရက်ရှည် ခရီးထွက် သတင်းလိုက်ခြင်းတို့ပါဝင်သည်။

သင်တန်းသားအရေအတွက်

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ စိတ်အားထက်သန်စွာ တက်ရောက်လိုသူ သင်တန်းသား ၂၀ ဦးကို ရွေးချယ်လက်ခံသွားမည် ဖြစ်သည်

 သင်တန်းနေရာ၊ သင်တန်းချိန် နှင့် သင်တန်းကြေး

သင်တန်းတက်ရောက်ရမည့်နေရာမှာ မြန်မာသတင်းပညာသိပ္ပံသင်တန်းကျောင်း- အမှတ် ၁၁ M၊ မဟာမြိုင်လမ်း၊ ကျွန်းတောအလယ်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။

သင်တန်းအချိန်မှာ အများပြည်သူရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပြီး လက်တွေ့ကွင်းဆင်းခြင်းများလည်း ပါဝင်သည်။ သတင်းဌာနများတွင် အလုပ်သင်အဖြစ်သင်ယူခြင်း (Internship Program) ပါဝင်သည်။

သင်တန်းကြေးမှာ သိန်း ၂၀ ကျပ် ဖြစ်ပြီး သတင်းစာပညာ ဒီပလိုမာသင်တန်းကို တက်ရောက်လိုသော်လည်း ငွေကြေးအခက်အခဲရှိသူများအနေဖြင့်  ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပါသည်။

ပညာသင်ထောက်ပံ့ကြေး

ပညာသင်ထောက်ပံ့ကြေးအစီအစဉ် ၂ ခုရှိပါသည်။ သင်တန်းကြေးနှင့် နေထိုင်စားသောက်စရိတ်များဆိုင်ရာ ထောက်ပံ့မှုဖြစ်သည်။

  • ပညာသင်ထောက်ပံ့ကြေး အစီအစဉ် (၁)- သင်တန်းကြေးတစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်

ပညာသင်ထောက်ပံ့ကြေးမှာ သင်တန်းကြေး၏ တစ်စိတ်တစ်ဒေကိုသာထောက်ပံ့သော အစီအစဉ်ဖြစ်သည်။ သင်တန်းသားတိုင်း သင်တန်းကြေး၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ၅ သိန်းကျပ်ကို မဖြစ်မနေ ပေးသွင်းရမည်။  ပညာသင်ထောက်ပံ့ကြေးရရှိမှုအပေါ် မူတည်ပြီး ကျန်ပမာဏကို အရစ်ကျပေးသွင်းနိုင်သည်။

သင်တန်းကြေးသက်သာခွင့် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာတွင် အချက်အလက်ပြည့်စုံစွာ ဖြည့်ပေးရမည် ဖြစ်ပါသည်။

  • ပညာသင်ထောက်ပံ့ကြေး အစီအစဉ် (၂) နေထိုင်စားသောက်စရိတ်ကင်းလွတ်ခွင့်

နယ်မှ လာရောက်သော ကျောင်းသားများအတွက် သီးခြားအစီအစဉ်ဖြစ်ပြီး နေထိုင်ရန် အဆောင် နှင့် စားသောက်စရိတ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ အမှန်တကယ် နယ်မှလာရောက်သူ ဖြစ်ရမည် ဖြစ်ပြီး မြန်မာသတင်းပညာသိပ္ပံ မှ သတ်မှတ်ထားသော စည်းကမ်းများကို မပျက်မကွက် လိုက်နာရမည် ဖြစ်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာတွင် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်ပေးရမည် ဖြစ်ပါသည်။

သင်တန်းဘယ်လိုလျှောက်ထားရမလဲ

အနိမ့်ဆုံး အထက်တန်းအောင်ပြီးသူများ လျှောက်ထားခွင့်ရှိသည်။ သင်တန်းတက်ရောက်လိုသူများသည် လျှောက်လွှာနှင့်အတူ အောက်ပါခေါင်းစဉ်များမှ မိမိနှစ်သက်ရာတစ်ခုကို ရွေးချယ်ကာ ဆောင်းပါး (သို့) အက်ဆေးတစ်ပုဒ် ရေးသားပေးပို့ရမည် ဖြစ်သည်။ (စာလုံးရေ ၅၀၀ ထက်မနည်းဖြစ်ကာ စာလုံးရေ ၁၅၀၀ ထက်မပိုစေရပါ။)

သင်တန်းလျှောက်ထားရန် လျှောက်လွှာများကို  ဤနေရာတွင် ကလစ်နှိပ်ပါ။

သင်တန်းကြေး တစိတ်တပိုင်း ကင်းလွတ်ခွင့် လျှောက်လွှာများကို ဤနေရာတွင် ကလစ်နှိပ်ပါ။

၁။ လူမှုကွန်ရက်(Social Media) ကို အစိုးရအနေဖြင့် ထိန်းချုပ်သင့်သလား။

၂။ဒီမိုကရေစီ တိုင်းပြည်တစ်ခုမှာ Media ၏ အခန်းကဏ္ဍ မည်သို့ရှိသင့်မည် ထင်သလဲ။

၃။ကွမ်းစားတာကို အစိုးရအနေဖြင့် ထိန်းချုပ်သင့်သလား။ သင်၏ အမြင်ကို ဆွေးနွေးတင်ပြပါ။

မြန်မာသတင်းပညာသိပ္ပံကျောင်း၏ Communication Officer ဦးစိုးဇော်မော် [email protected] သို့ သြဂုတ်လ (၂၃) ရက်၊ ၂၀၁၆ ခုနှစ် မတိုင်မီ ပေးပို့ရမည် ဖြစ်ပါသည်။