Myanmar Journalism Institute (MJI)

မြန်မာသတင်းပညာသိပ္ဗံ
ရာထူး – Executive Director
ထမ်းဆောင်ရမည့် အလုပ်တာဝန်များ

မြန်မာသတင်းပညာသိပ္ဗံ အတွက် Executive Director ခန့်အပ်ခြင်းသည် သတင်းစာဆရာများအား အမြင့်ဆုံး စံချိန်မှီ သက်မွေးပညာရပ်တစ်ခု မွမ်းမံသင်တန်းပေးရန် နှင့် မြန်မာနိုင်ငံအတွင်း ယေဘူယျ စာနယ်ဇင်း ပညာရပ်အား နှင့် အမှီခိုကင်း သက်မွေးပညာရပ် မီဒီယာကဏ္ဍ အဖြစ် မြှင့်တင်ရန် ရန်ကုန်၌ အခြေစိုက်၍ တခြားဒေသများသို့လည်းပျံ့နှံ့ရောက်ရှိမည့် မြန်မာပိုင် အဖွဲ့အစည်း တည်ဆောက်ရေးသို့ ရှေးရှုသည့် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သည်။

Executive Director ၏ အခန်းကဏ္ဍ

  • မြန်မာသတင်းပညာသိပ္ဗံ ၏ စွမ်းဆောင်ရည် တည်ဆောက်ရန် နှင့် မြန်မာနိင်ငံတွင် စာနယ်ဇင်းပညာ သင်တန်းနှင့်ပတ်သက်၍ အရေးပါသော ကဏ္ဍမှလုပ်ကိုင်ဆောင်ရွက်ရန်
  • လုပ်ငန်းလည်ပတ်ရန်အတွက် လုပ်ဖောင်ကိုင်ဖက်အချင်းချင်း ပူးပေါင်း လုပ်ဆောင်မှုများ၊ တည်ထောင်ရေးအတွက် အိုင်စီတီ နှင့် ရယူမှုများ၊ မြန်မာသတင်းပညာသိပ္ဗံ ချောမွေ့စွာ အကောင်အတည်ဖော်လည်ပတ်ရန် စသည်တို့ ပါဝင်သည့် စံနစ်တကျဖွဲ့စည်းထားသော အုပ်ချုပ်ရေး အဖွဲ့အား ဦးဆောင်ရန် တာဝန်ယူရမည်။
  • အစောပိုင်းတွင် Executive Director သည် ဒါရိုက်တာဘုတ်အဖွဲ့အပြင် စီမံကိန်းဖော်ဆောင်ရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သလို အစီရင်ခံစာများ ပေးပို့ရမည်။ (အဖွဲ့ဝင်များဆိုရာတွင် မြန်မာသတင်းပညာသိပ္ဗံ၏ ဒါရိုက်တာဘုတ်အဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ နှင့် နိင်ငံတကာ ကနဦး ဦးဆောင်အဖွဲ့ဝင်များ ပါဝင်သည်။)
  • Executive Director မှ တောင်းဆိုပါက ပုံမှန်အားဖြင့် နိုင်ငံတကာမှ အကြံပေးအဖွဲ့က အကြံဥာဏ်ကောင်းများ ပေးမည်။

အဓိက တာဝန်ဝတ္တရားများ
လျှောက်ထားသူသည်

  • ဒါရိုက်တာဘုတ်အဖွဲ့၊ မြန်မာသတင်းပညာသိပ္ဗံ အတွက် နည်းဗျူဟာ ချမှတ်ရေး လုပ်ငန်းစဉ် အစပြုရန် စီမံကိန်းဖော်ဆောင်ရေး ကော်မတီတို့ နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရမည်။
  • နိုင်ငံတကာ အကောင်းဆုံး စံညွန်းများနှင့် ညီသော မြန်မာသတင်းပညာသိပ္ဗံ အောင်မြင်စွာ လည်ပတ်ရန် စီမံခန့်ခွဲမှု စံနစ် တစ်ခု ချမှတ်ရမည်။
  • ပွင့်လင်းမြင်သာသော အလုပ်ခန့်ထားမှုများနှင့် ၀န်ထမ်း အကဲဖြတ်ခြင်းနှင့် လူမှုဖူလုံရေး စီမံကိန်း (ကျန်းမာရေးနှင့် ပင်စင်) စသည့် လူသားရင်းမြစ် စီမံခန့်ခွဲမှုစံနစ် ချမှတ်ပြီး ကြီးကြပ် လမ်းညွှန်ရမည်။
  • လစာများနှင့် အခြား ပေးရန်ရှိသည်များကို စီမံခန့်ခွဲရန် တိကျသေချာသောဘဏ္ဍာရေးစံနစ် တစ်ခု ချမှတ် ၍ ကြီးကြပ် လမ်းညွှန်ရမည်။

 

  • မြန်မာသတင်းပညာသိပ္ဗံ သည် ဒီပလိုမာသင်တန်းများအတွက် သင့်လျှော်သော၊ လုံလောက်သော ရန်ပုံငွေရှိကြောင်း သေချာပြီး ကောင်းစွာ ထိန်းသိမ်းရမည်။ ဘဏ္ဍာရေးအရ လိုအပ်ပါက ရန်ပုံငွေရှာဖွေရမည်။
  • သယ်ယူပို့ဆောင်ရေး၊ ခရီးသွားခြင်း၊ ရငွေများ စီမံသုံးစွဲခြင်း၊ နေရာထိုင်ခင်း စီစဉ်ခြင်း စသည့် လုပ်ငန်းလည်ပတ်ရန် လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှု စံနစ်တည်ထောင်၍ ကြီးကြပ် လမ်းညွှန်ရမည်။
  • နည်းပညာပိုင်းအရ ခိုင်မာသည့် အိုင်စီတီ အထောက်အကူပေးရေးအဖွဲ့တည်ထောင်ရန်။
  • မီဒီယာဖွံ့ဖြိုးရေးနှင့် မြို့ပြလူမှုဝန်းကျင် ကဏ္ဍမှ နိုင်ငံတကာ ပါတနာများ နှင့် အလှုရှင်များ၊ မြန်မာသတင်းပညာသိပ္ဗံ ၏ လုပ်ငန်းများအား အများပြည်သူထံရောက်ရှိရေး တည်ဆောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်။
  • ၁၂လစာ လုပ်ငန်းစဉ် ဇယားဆွဲရန်၊ရန်ပုံငွေရှာဖွေရေးတွင် ဒါရိုက်တာဘုတ်အဖွဲ့ လမ်းညွှန်မှုဖြင့် စီမံဆောင်ရွက်ရန်။ ချမှတ်ရန်။

 

  • မြန်မာသတင်းပညာသိပ္ဗံ အတွက် ရန်ပုံငွေတောင်းခံလွှာများ ပြင်ဆင်ရာတွင် ဆောင်ရန် ရှောင်ရန် အကြံဥာဏ်များ ပေးရန်။
  • မြန်မာသတင်းပညာသိပ္ဗံ အတွက် ၀က်ဘ်ဆိုဒ်၊ လိုဂို အစရှိသည့် မြင်သာသော ကိုယ်ပိုင်အမှတ်တံဆိပ်ထူထောင်ရန်။

လိုအပ်သောအရည်အချင်း

ရွေးချယ်ခံရသူသည် အဂတိကင်းသော ဦးတည်ချက်၊ တင်ပြရာတွင် လွပ်လပ်မှုရှိခြင်း၊ သတင်းရယူခွင့် နှင့် သက်မွေးပညာရပ်တခု မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်တွင် ပြည့်စုံကောင်းမွန်သော မီဒီယာကဏ္ဍအား ပုံဖော်ရာ၌ မြန်မာသတင်းပညာသိပ္ဗံ အား အဓိကလုပ်ဆောင်သူ ဖြစ်လာရန် ဦးဆောင်သည့်ကဏ္ဍသည် ၄င်း၏ အတွေ့အကြုံနှင့် ကိုယ်ပိုင် အရည်အချင်းများနှင့် မည်သို့လိုက်ဖက်ကြောင်း ပြသနိုင်ရမည်။ သင့်လျှော်သူအတွက် ဤရာထူးသည် မြန်မာမီဒီယာ ဖွံ့ဖြိုးရေးအတွက် အဓိကကဏ္ဍ၌ လုပ်ကိုင် ဆောင်ရွက်နိင်မည့် အခွင့်အရေးဖြစ်သည်။

လျှောက်ထားသူသည် ဖြစ်နိုင်လျှင် အဖွဲ့အစည်း နှင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးနှင့် ရန်ပုံငွေများ ကိုင်တွယ်စီမံနိုင်၍ အစီရင်ခံစာများရေးသားနိင်သည့် အမှုဆောင် အရာရှိအဆင့် တာဝန်ထမ်းဆောင်ဖူးပြီး အထောက်အထားပြည့်စုံသော လုပ်ငန်းပိုင်း အတွေ့အကြုံ ရှိရမည်။ လုပ်ငန်းစဉ် အကောင်ထည်ဖော်ရာတွင် ကောင်းမွန်သော လုပ်ငန်း အတွေ့အကြုံနှင့် ရလဒ်များ ပြသနိုင်ရမည်။ မီဒီယာ (သို့မဟုတ်) ပညာရေး နယ်ပယ်မှ ဆိုလျှင်ပိုကောင်းသည်။

တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရထားသူဖြစ်လျှင်ကောင်းသော်လည်း သက်ဆိုင်ရာ ကဏ္ဍတွင် အတွေ့အကြုံရှိသူ ဖြစ်ပါကလည်း တန်းတူထား စဉ်းစားမည်။

လျှောက်ထားသူသည် စာနယ်ဇင်းပညာရပ် ပညာပေးရေး နှင့် မြို့ပြ လူမှုဝန်းကျင်ရှိ မီဒီယာ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ဖွံ့ဖြိုးရေး တို့အားကောင်းစွာ နားလည်ထားရမည်။

ကွန်ပြူတာ၊ ICT အသုံးပြုနိုင်ရမည်။ Training Director အား သင်တန်းများနှင့်ပတ်သက်ပြီး လိုအပ်သည့် လမ်းညွှန်မှုများကို ပေးရန်လိုအပ်သည်။

လျှောက်ထားသူသည် လူအများနှင့် ဆက်ဆံရေးကောင်းမွန်ပြီး မြန်မာနှင့်အင်္ဂလိပ်ဘာသာတို့ကို ကျွမ်းကျွမ်း ကျင်ကျင် ရေး/ပြော နိုင်သူ ဖြစ်ရမည်။

အမြင်ရှိသော၊ မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းပညာရပ်၏ အနာဂတ်အတွက် ပါဝင်ဆောင်ရွက်လိုသော၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိသော သူတစ်ဦးအား ရှာဖွေနေပါသည်။

အလုပ်ခန့်အပ်မည့် အခြေအနေ

အချိန်ပြည့်ရာထူး တာဝန်ဖြစ်သည်။ အောင်မြင်စွာ ရွေးချယ်ခံရသူအား အလုပ်ခန့်အပ်ခြင်းကို အစမ်းခန့်ကာလ အတိုင်းအတာ တစ်ခုအပြီးနောက်၊ ကျော်လွန်ပါက တစ်နှစ်တာ ကာလအတွက် စာချုပ်မည်ဖြစ်ပြီး စာချုပ်ထပ်မံ သက်တမ်းတိုးရန် အလားအလာရှိသည်။

လစာနှင့် ခံစားခွင့်များမှာ လစာ၊ အပိုဆုကြေး၊ လစာအပါအ၀င် အခြားခံစားခွင့်များကို ညှိနှိုင်းနိုင်သည့် သတ်မှတ်ချက်များ ပါဝင်မည်။

လျှောက်လွှာကို၊ အလုပ်အကိုင်အတွေ့အကြုံများအပါအဝင်၊ မိမိကိုယ်ရေးရာဇဝင်၊ ပါတ်စ်ပို့ ဓါတ်ပုံ တစ်ပုံနှင့်အတူ info@mjimyanmar.org အီးမေးလ်သို့ ၂၀၁၄ ခုနှစ်၊ ဇွန် (၂) ရက် နောက်ဆုံးထားပြီး ပေးပို့ပါရန်။ ထပ်မံသိရှိလိုသည်များရှိပါက – ဒေါ်ခင်မမလတ် (မိုဘိုင်း – ၀၉၄၂၁၀၆၁၆၂၇) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။