Part-Time Diploma in Journalism

Myanmar Journalism Institute (MJI)
မြန်မာသတင်းပညာသိပ္ဗံ

သတင်းပညာအချိန်ပိုင်းဒီပလိုမာသင်တန်းသားများခေါ်ယူခြင်း MJI သတင်းပညာ (Journalism) အချိန်ပိုင်းဒီပလိုမာမှာလက်တွေ့လုပ်ကိုင်နေသောဂျာနယ်လစ်များ (သတင်းသမားများ)အတွက်အဓိကလိုအပ်သော ကျွမ်းကျင်မှုများနှင့် ဗဟုသုတများ ဖြည့်ဆည်းပေးရန် စီမံထားခြင်းဖြစ်ပြီး၊ သတင်းပညာအရည်အသွေး မြင့်မားရေးနှင့် သတင်းပညာတတ်ကျွမ်းမှုကိုတရားဝင်အသိအမှတ်ပြုရန် ရည်ရွယ်ပြီး၊ တက်ရောက်လိုသူများလျောက်ထားနိုင်ပြီ ဖြစ်ပါသည်။

ဒီပလိုမာသင်တန်းတွင်

  • လက်တွေ့သတင်းပညာ (Journalism) ကျွမ်းကျင်မှုပိုင်းများ နှင့် နည်းပညာများကိုအဓိကအလေးထားသင်ကြားပါမည်။
  • လစဉ် မျက်နှာစုံညီလုပ်ငန်းခွင်ဆွေးနွေးပွဲ (workshop) များပြုလုပ်၍၊ e-learning (အီလက်ထရောနစ် အထောက်အကူပြု သင်ကြားရေး) အရင်းအမြစ်များကိုအသုံးပြုကာသင်ကြားပါမည်။
  • မြန်မာဘာသာစကားကိုအသုံးပြု၍ သင်ကြားပါမည်။
  • နိုင်ငံတကာနှင့် မြန်မာသင်တန်းပို့ချသူများ နှင့် အထူးဖိတ်ကြားထားသောပညာရှင်များကသင်ကြားပို့ချပေးပါမည်။
  • ပုံနှိပ်မီဒီယာ၊ အော်ဒီယို (အသံ) ၊ ဗွီဒီယို နှင့် အွန်လိုင်းသတင်းပညာများကို ၃လကြာ module စုစုပေါင်း၎ခုဖြင့် သင်ကြားပေးပါမည်။
  • အထူးပြု သင်ရိုးများမှာစီးပွါးရေးသတင်းပညာ၊ စုံစမ်းထောက်လှမ်းသတင်းရေးသားမှု ပညာ (Investigative Reporting) နှင့် နိုင်ငံရေးသတင်းပညာတို့ ဖြစ်ပါသည်။
  • သင်တန်းမှာလုပ်ငန်းအတွေ့အကြုံ၊ အနည်းဆုံး ၂နှစ်ရှိသောဂျာနယ်လစ်များ (သတင်းသမားများ) အတွက် ရည်ရွယ်ပါသည်။
  • သင်တန်းကြေးမှာသုံးလအတွက် မြန်မာကျပ်ငွေ ၂၀၀, ၀၀၀ (နှစ်သိန်း) (၁၂ လစာအတွက် စုစုပေါင်းကျပ် ၈၀၀,၀၀၀) ဖြစ်ပြီးပထမဆုံး module အတွက် ၅၀ % ဈေးလျှော့ပေးပါမည်။
  • နံနက် အစောပိုင်းများနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် အတန်းများရှိပါမည်။
  • ရန်ကုန်တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့၌သင်တန်းစတင်ပါမည်။

သင်ရိုးညွှန်းတမ်း –
ဤဒီပလိုမာသင်ရိုးသည် ယနေ့ခေတ်၏ မာလ်တီမီဒီယာသတင်းခန်း (multimedia newsrooms) ကိုထင်ဟပ်မည်ဖြစ်သောကြောင့်၊ သင်တန်းသားများအားလုံးအနေဖြင့် သုတေသနပြုလုပ်ခြင်း၊ ရေးသားခြင်း နှင့် ပုံနှိပ်၊ ဗွီဒီယို၊ အော်ဒီယို (အသံ) နှင့် အွန်လိုင်းမီဒီယာများအတွက် တင်းထုတ်လုပ်ခြင်းစသော သင်ရိုးများကိုသင်ကြားရမည်ဖြစ်ကာ၊ အထူးပြုဘာသာရပ်အဖြစ် စီးပွါးရေးသတင်းပညာ၊ စုံစမ်းထောက်လှမ်းသတင်းရေးသားထုတ်လုပ်မှု ပညာ (Investigative Reporting) နှင့် နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းရေးသားထုတ်လုပ်မှု ပညာများထဲမှ ရွေးချယ်နိုင်ပါသည်။
သင်ရိုးမှာလက်တွေ့လုပ်ဆောင်မှုကိုအဓိကထားသော်လည်း၊ မီဒီယာကျင့်ဝတ် နှင့် ဥပဒေ နှင့် ဂျာနယ်လစ်များ၏ အခန်းကဏ္ဍနှင့် တာဝန်များစသောအကြောင်းအရာများကိုလည်းသင်ကြားပို့ချပေးမည်ဖြစ်သည်။

သင်ရိုးကို ၁၂ လ teaching cycle ဖြင့် သင်ကြားမည်ဖြစ်ရာ၊ အချိန်ပိုင်းဒီပလိုမာသင်တန်းသားများအနေဖြင့် ဒီပလိုမာကိုတစ်နှစ်အတွင်း ပြီးစီးနိုင်လိမ့်မည်ဖြစ်သည် သို့မဟုတ် သင်ရိုးတစ်ခုလုံး ပြီးစီးရန်အတွက် အချိန် ၂ နှစ်အထိယူနိုင်ပါသည်။ သင်တန်းသားများအနေဖြင့် သုံးလ module များ ပြီးတိုင်း credit များရရှိမည်ဖြစ်ကာ၊ ဒီပလိုမာရရှိရန်အတွက် သတ်မှတ်ထားသော credit ပြည့်မီရန် လိုအပ်ပါသည်။

ပထမသုံးလစာ module တွင် သင်ကြားပို့ချပေးမည့် အရာများတွင် အထက်ဖေါ်ပြပါ သတင်းပညာများအပြင် အထူးခေါင်းစဉ်များလည်းအောက်ပါအတိုင်းပါဝင်မည်ဖြစ်သည်။

 ခေါင်းစဉ်  သင်ရိုးဖော်ပြချက်
 မီဒီယာ နှင့် ဒီမိုကရေစီ  (ဒီမိုကရေစီစနစ်တစ်ခုတွင် သတင်းသမားများ၏ အခန်းကဏ္ဍ နှင့် တာဝန်များ) ၊(သတင်းပရိသတ် အတွက် လိုအပ်ချက်များအားသတ်မှတ်ဖော်ထုတ်ရေး နှင့် နားလည်သဘောပေါက်ရေး၏ အရေးကြီးပုံ နှင့် ပရိသတ်များအတွက် ထိရောက်စွာသတင်းတင်ဆက်ခြင်း) ၊  (မီဒီယာအတွက် မြန်မာ့နိုင်ငံရေး၊ စီးပွါးရေးနှင့် နည်းပညာအနေအထား) ၊ (မြန်မာနိုင်ငံအတွင်းမီဒီယာသမိုင်းကြောင်း)
 သတင်းရေးသားခြင်း (၁)  [အရေးအသားဆိုင်ရာအခြေခံ ကျွမ်းကျင်မှုများ (ရှင်းလင်းပြတ်သားမှု၊ တိကျမှန်ကန်မှု၊ ဘာသာစကား၊ ကျစ်လျစ်မှု)] ၊ (သတင်းရှုထောင့်) ၊ (ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံ နှင့် အွန်လိုင်းမီဒီယာများအတွက် သတင်းတစ်ပုဒ် ဖန်တီးခြင်း)
 မီဒီယာကျင့်ဝတ်များနှင့် ဥပဒေ (၁)  (သတင်းပညာအား ပြဌာန်းထားသောဥပဒေ၊ ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ရှုထောင့်မြင်ကွင်း) ၊ (ဥပဒေ နှင့် တရားစီရင်ရေး) ၊ (အယ်ဒီတာကျင့်ဝတ်စည်းကမ်းများ) ၊ (ထုတ်လွှင့်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ) ၊ (တရားရုံးဆိုင်ရာသတင်းရေးသားထုတ်လုပ်ခြင်း – Court Reporting – လွတ်လပ်မှုများနှင့် အကန့်အသတ်များ) ၊ (အရွယ်မရောက်သေးသူများနှင့် လိင်ပိုင်းဆိုင်ရာ offence များ)၊ (ပြည်သူ့/အရပ်ဘက် တရားရုံးများ)၊ (သေမှုသေခင်းတရားရုံးများ) ၊ (တရားရုံးကိုမထီမဲ့မြင်ပြုမှု အားထိန်းချုပ်ထားသောဥပဒေများကိုနားလည်ရေး) ၊ (အသရေဖျက်မှု နှင့် ခုခံချေပမှုများနှင့် ပတ်သတ်၍ သတင်းသမားများသိသင့်သိထိုက်သည်များ)၊ [အဓိကကျင့်ဝတ်ဆိုင်ရာ ပြဿနာများနှင့် (မှန်ကန်တိကျမှု၊ ဘက်မျှမှု၊ တရားမျှတမှု နှင့် သတင်းဖတ်/ကြည့်ရှု/နားထောင်သူများအပေါ် တာဝန်ခံမှုရှိခြင်းတို့ အပါအဝင်) သတင်းသမားများအတွက် တန်ဖိုးများကိုသုံးသပ်ခြင်း] ၊ (သီအိုရီ၊ အုပ်စုလိုက် ဆွေးနွေးမှုများ၊ သတင်းသမားများ ၄င်းတို့၏ နေ့စဉ်လုပ်ငန်းခွင်တွင် ရင်ဆိုင်တွေ့ကြုံရသောတကယ့်လက်တွေ့ case study များအားဟန်ချက်ညီညီသင်ကြားလေ့လာရမည်)
 မီဒီယာ နှင့် သတင်းပညာ (၂)  အင်တာဗျူး နည်းစနစ်များ၊ ကွင်းဆင်းပြုလုပ်ခြင်း (Fieldwork) ၊ (နောက်ဆုံးသတ်မှတ်ချိန်အမီ ပြီးစီးရမည့် ဖိအားအောက်တွင် သတင်းရေးသားခြင်း)၊ [ကြိုတင်မျှော်မှန်း၍ မရသောသတင်းများ (off-diary story) များရှာဖွေခြင်း နှင့် ဖန်တီးခြင်း]၊ [အဆက်အသွယ်များပါဝင်သည့် စာအုပ်တစ်အုပ် ပြုစုခြင်း]၊ [စာနယ်ဇင်းများအတွက် သတင်းအိုင်ဒီယာများဖန်တီးခြင်းနှင့် သတင်းအိုင်ဒီယာများအားအယ်ဒီတာထံတင်ပြစည်းရုံးခြင်း၊ သတင်းများဖန်တီးရန်အတွက် အပြန်အလှန်တုံ့ပြန်မှု (interactivity -လူမှု မီဒီယာများ၊ ဖိုရမ်များ၊ စာဖတ်သူများ၏ မှတ်ချက်များ) ကိုအသုံးပြုခြင်း
 အစိုးရ နှင့် အုပ်ချုပ်ပုံ/အုပ်ချုပ်မှု  (မြန်မာနိုင်ငံအုပ်ချုပ်ရေးဖွဲ့စည်းတည်ဆောက်ပုံအကြောင်းမိတ်ဆက်နိဒါန်း) ၊ (နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံ – လွှတ်တော်၊ သမ္မတ၊ ရွေးကောက်ပွဲစနစ်၊ ပြည်နယ် အစိုးရ၊ ဒေသဆိုင်ရာအစိုးရ)၊ (ဥပဒေရေးဖွဲ့စည်းတည်ဆောက်ပုံ)၊ (နိုင်ငံရေးပါတီများ) ၊ (လော်ဘီ နှင့် special interests အဖွဲ့ များ)၊ (လက်နက်ကိုင် တပ်ဖွဲ့များ)၊ (အရပ်ဘက် လူမှု အဖွဲ့အစည်း)၊ (နိုင်ငံအဝှမ်းနှင့် ဒေသတွင်းစကားစစ်ထိုးမှုများကိုလွှမ်းမိုးထားသောကိစ္စရပ်များအားခွဲခြမ်းဖော်ထုတ်ခြင်း) ၊ နောက်ခံဗဟုသုတများဖြင့် ဟန်ချက်ညီညီသတင်းဖန်တီးထုတ်လုပ်ခြင်း
 လူမှုရေးကိစ္စရပ်များအားသတင်းထုတ်လုပ် တင်ဆက်ခြင်း  (ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ ကလေး၊ သဘာဝပတ်ဝန်းကျင်၊ အသက်မွေးဝမ်းမှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ အိမ်ယာကဏ္ဍ စသောကိစ္စရပ်များအပါအဝင် လူမှု ကိစ္စရပ်များအားခွဲခြမ်းစိပ်ဖြာဖော်ထုတ်ခြင်း) ၊ (issues-led news (အကြောင်းအရာများကအဓိကကျသော/ဦးဆောင်သောသတင်းများ ၏ အရေးပါပုံကိုနားလည်ရေး) ၊ (လူမှု ကိစ္စ သတင်းများရှာဖွေရန် နှင့် ထုတ်လုပ်တင်ဆက်ရန် အတွက် လိုအပ်သော tool များ နှင့် နည်းစနစ်များရှိရေး) ၊ (လူမှုကိစ္စ သတင်းများထုတ်လုပ်တင်ဆက်ရာတွင်၊ သဘောထားများ နှင့် ပုံသေသိမ်းကြုံးယူဆခြင်း (stereotyping) များကိုစိန်ခေါ်ခြင်းနှင့် ပတ်သတ်၍ သတင်းသမားများ၏ အခန်းကဏ္ဍ)

ယခုသင်တန်းမှာ ပထမဆုံးအကြိမ် အချိန်ပိုင်းဒီပလိုမာသင်တန်းဖြစ်ပြီး၊ MJI အနေဖြင့် လာမည့်လများအတွင်းတွင် မန္တလေးနှင့် အခြားဒေသများ၌သင်တန်းများဖွင့်လှစ်သွားရန် ရည်ရွယ်ထားပါသည်။

သင်တန်းသားများတိုက်ရိုက်ဝင်ခွင့်ရနိုင်မည့် သတင်းပညာအချိန်ပြည့် တစ်နှစ်ဒီပလိုမာသင်တန်းတစ်ခုကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရန် ရည်ရွယ်ထားပါသည်။ (နေရာ – Myanmar Journalism Institute, Yangon, Myanmar)
ဝင်ခွင့်လျှောက်ထားခြင်း

အချိန်ပိုင်းဒီပလိုမာသင်တန်းမှာသတင်းလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသော်လည်းစနစ်တကျ သတင်းပညာသင်တန်းမျိုးကိုလုံလောက်အောင် မတက်ဖူးသည့် သို့မဟုတ် လုံးဝမတက်ဖူးသည့် ဂျာနယ်လစ်များအတွက် ရည်ရွယ်ကာစီစဉ်ထားခြင်း ဖြစ်ပါသည်။ MJI ရွေးချယ်ရေးကော်မတီအနေဖြင့် လျှောက်ထားသူများ၏ ပညာရေးဆိုင်ရာအရည်အချင်းများနှင့် သတင်းလုပ်ငန်းအတွေ့အကြုံ/စိတ်ပါဝင်စားမှု များကိုတန်းတူအလေးထား၍ ရွေးချယ်သွားမည် ဖြစ်ပါသည်။

 

သင်တန်းလျှောက်လွှာများ လက်ခံသည့်ကာလ ပြီးဆုံးသွားပြီဖြစ်ပါသဖြင့် သင်တန်းလျှောက်ထားကြသော သင်တန်းလျှောက်လွှာများကို စိစစ်ပြီး သင်တန်းတက်ခွင့် ရရှိသူများကို မကြာမီတွင် ဤ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်တွင် ကြေညာပေးသွားပါမည်။

 

သင်တန်းလျှောက်လွှာများ နောက်ဆုံးလျှာက်ထားခွင့်ကို  ဇွန်လ ၂၅ ရက် ၂၀၁၄ အထိ တိုးမြှင့်ထားပါသည်။

 

နောက်ဆုံးသတ်မှတ်ရက် – ဇွန် ၂၅ ၊ ၂၀၁၄
ကျေးဇူးပြု၍၊ အချက်အလက်များ ဖြည့်ထားသောလျှောက်လွှာများကို info@mjimyanmar.org သို့ ပို့ပေးရန် ဖြစ်ပါသည်။

သင်တန်းလျှောက်လွှာများကို

(MJA) မြန်မာနိုင်ငံသတင်းစာဆရာအသင်းအမှတ်၁၇၃၁၇၅၊အခန်းအမှတ်၆၀၃၊ ()လွှာ၊ပန်းဆိုးတန်းလမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MML) မြန်မာမီဒီယာစာကြည့်တိုက်အမှတ် (၄၁၇)၃လွှာ၊ကုန်သည်လမ်းနှင့်သိမ်ဖြူလမ်းထောင့်၊ 99 လက်ဘက်ရည်ဆိုင်အပေါ်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(MJN) မြန်မာဂျာနယ်လစ်ကွန်ယက်အမှတ် (၁၈၁)၃လွှာ၊၃၆လမ်းအလယ်ဘလောက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

အထက်ပါနေရာများတွင်ပေးပို့နိုင်ပါသည်။

(သို့)

 

လျှောက်လွှာများကိုထပ်မံသေသေချာချာစစ်ဆေးကြည့်ရှု၍info@mjimyanmar.orgသို့အီးမေးလ်ပို့ပေးရမည်ဖြစ်ပါသည်။ထပ်မံသိလိုသည်များကို အထက်ပါအီးမေးလ်(သို့) ဒေါ်လီနား () ဒေါ်စိန်စိန်မြင့် ဖုန်း – 09254384660 သိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

မှတ်ချက်။လျှောက်လွှာများကိုမြန်မာ Form သို့ပြောင်းလဲပြီး Myanmar Journalists Association (MJA)၊         Myanmar Media Library (MML) နှင့် Myanmar Journalists Network (MJN) သို့ပေးပို့ထားပြီးဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကဆက်သွယ်ရန်

09254384660