Climate Change Reporting သင်တန်း စတင်ပြီ။

မြန်မာသတင်းပညာသိပ္ပံ နှင့် UN-habitat တို့ ပူးပေါင်း ပြုလုပ်သော Climate Change Reporting သင်တန်းကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်းရှိ မြန်မာသတင်းပညာသိပ္ပံ ရုံးတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပါသည်။
သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူများ ထဲ မှ ၈ ဦးကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံ သင်တန်းသား၊ သင်တန်းသူများမှာ 7 Days, City FM, RFA, Myanmar Post, MWD Myanmar Times၊ မြန်မာသံတော်ဆင့် နှင့် သတင်းစဉ် တို့မှ ဖြစ်ပါသည်။
သင်တန်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပြီး အလားတူ သင်တန်း ၃ ခု ကို အောက်ပါ အချိန်စာရင်းအတိုင်း ထပ်မံပြုလုပ်သွားမည် ဖြစ်ပါသည်။

မန္တလေး – ၂၀၁၇ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ။

ရန်ကုန်မြို့ – ၂၀၁၇ မတ်လ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ။

မော်လမြိုင်မြို့ – ၂၀၁၇ မတ်လ ၂၇ ရက်နေ့ မှ ၃၁ ရက်နေ့အထိ။

#အထူးအစီအစဉ်

ယခု ပြုလုပ်လျက်ရှိသော သင်တန်းအပါအ၀င် စုစုပေါင်းသင်တန်း ၄ ခု ပြုလုပ်သွားမည် ဖြစ်ပြီး စုစုပေါင်း သင်တန်းသား ၃၂ ဦး မှ ထူးချွန်သော သင်တန်းသား ၈ ဦး ကို ထပ်မံရွေးချယ်ကာ Advanced သင်တန်းကို ထပ်မံတက်ရောက်စေမည် ဖြစ်ပါသည်။ Advanced သင်တန်းတက်ရောက်ခွင့် အတွက် ရွေးချယ်ခံရသော သင်တန်းသား ၈ ဦး ၏ သတင်းထုတ်လုပ်မှုများကို အကဲဖြတ်သွားမည် ဖြစ်ပြီး သတင်းဆုများလည်းပေးအပ်သွားမည် ဖြစ်ပါသည်။

#ပထမဆု – USD 700
#ဒုတိယဆု – USD 400
#တတိယဆု – USD 200 ကျပ် ငွေသားဆု အသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်မှာ Link မှာ မိမိအချက်အလက်များကို ဖြည့်စွက် လျှောက်ထားနိုင်မှာ ဖြစ်ပြီး သင်တန်းကျင်းပမည့် သတ်မှတ်ဒေသ အနီးတ၀ိုက်တွင် ရှိသော မြို့များ မှ သတင်းထောက်များလည်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

#အောက်ပါ Link တွင် မိမိအချက်အလက်များ ဖြည့်သွင်းလျှောက်ထားနိုင်သလို

https://goo.gl/forms/N6AuVRlVrdBF7lil1

လျှောက်လွှာForm ဖြင့် လျှောက်ထားလိုပါက အောက်ပါ Link တွင် Download ရယူပြီး [email protected] သို့ ပေးပို့လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

https://www.dropbox.com/…/kol7jw…/AAC12ug7OLgE1aWQsb3mQiM7a…

ထပ်မံသိရှိလိုသော အချက်များ ရှိပါက ဖုန်းနံပါတ် 09 786 232 400 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#သတ်မှတ်သင်တန်းကျင်းပမည့် ရက် မတိုင်မီ ၃ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။