MJI/UN-Habitat prize on Climate Change Reporting

မြန်မာပြည်မှာ ရာသီဥတုပြောင်းလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဆောင်းပါး (ရသသရုပ်ဖော်သတင်း)၊ in-depth

သတင်း၊ ရေဒီယိုပရိုဂရမ်၊ ရုပ်သံပရိုဂရမ်တွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ Climate Change သတင်းဆုပေးပွဲ ကို

မြန်မာသတင်းပညာသိပ္ပံနဲ့ UN-HABITAT တို့ ပူးပေါင်း ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာ သတင်းစာဆရာ

မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်သူဟာ အကောင်းဆုံးလို့ထင်တဲ့ သတင်း ၂ ပုဒ်ကို

ရွေးချယ်ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒီသတင်းတွေဟာလည်း ၂၀၁၇ခုနှစ်အတွင်း ပုံနှိပ်ဖော်ပြပြီးသား သို့မဟုတ်

အသံလွှင့်ပြီးသား သို့မဟုတ် ထုတ်လွှင့်ပြီးသားဖြစ်ရပါမယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူဟာ

ကိုယ်တိုင်ရေးသားထုတ်လုပ်ထားပြီးတဲ့ သတင်းတွေရဲ့ ပုံနှိပ်ဖော်ပြပြီးသားသတင်းစာ၊ ဂျာနယ် သို့မဟုတ်

ရုပ်သံထုတ်လွှင့်မှုဆိုရင်လည်း မည်သည့်နေ့ရက် အချိန်တွေမှာ ထုတ်လုပ်ပြီးဖြစ်တယ်ဆိုတာ အထောက်အထားနဲ့

တင်ပြရပါမယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့်သတင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှသည် နိုဝင်ဘာ ၁၅

ရက်နေ့များအတွင်းမှာ ပေးပို့သွားရပါမယ်။

MJI အနေနဲ့ ပထမ၊ ဒုတိယ၊ တတိယဆုတွေကို ရွေးချယ်သွားပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်သွားဖို့ ရှိပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့က စဉ်းစားရွေးချယ်မယ့်အချက်တွေထဲမှာ

– သတင်း Topic နဲ့ Angle ဆီလျော်ကိုက်ညီမှု

– အချက်အလက်တိကျခိုင်မာမှု

– သတင်းအရင်းအမြစ်အသုံးပြု

ထားရှိမှု – သတင်းတည်ဆောက်ပုံ တို့ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် သတင်းကောင်းတွေကို မျှော်လင့်နေပါတယ်။