MJI အကြောင်းသိကောင်းစရာ

မြန်မာသတင်းပညာသိပ္ပံ (MJI)သည် လွတ်လပ်သော သတင်းပညာသင်တန်းကျောင်းဖြစ်သည်။ ဦးသီဟစောသည်  ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် စက်တင်ဘာလ ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ရန်ကုန်တွင် အခြေစိုက်ပြီး ၀န်ထမ်း ၁၂ ဦးဖြင့် လည်ပတ်လျှက်ရှိပါသည်။

သတင်းစာဆရာများအား အမြင့်ဆုံး စံချိန်မှီ သက်မွေးပညာရပ်တစ်ခု မွမ်းမံသင်တန်းပေးရန် နှင့် မြန်မာနိုင်ငံအတွင်း ယေဘူယျ စာနယ်ဇင်း ပညာရပ်အား နှင့် အမှီခိုကင်း သက်မွေးပညာရပ် မီဒီယာကဏ္ဍ အဖြစ် မြှင့်တင်ရန်ဖြစ်သည်။

MJI ကို ဇူလိုင် ၂၀၁၄ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသော သတင်းပညာသင်တန်းများကို ပြည်တွင်း၊ ပြည်ပမှဆရာများဖြင့် ပို့ချလျှက်ရှိသည်။

MJI ၏ မိတ်ဘက်အဖွဲ့အစည်းများမှာ ပြင်သစ်နိုင်ငံမှ Canal France International ၊ ဂျာမဏီနိုင်ငံမှ DW Akademie၊ ဆွီဒင်နိုင်ငံမှ Fojo Media Institute၊ ဒိန်းမတ်နိုင်ငံမှ International Media Support တို့ဖြစ်ကာ ပြည်တွင်းသတင်းအဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည်။

ဇူလိုင် ၂၀၁၄ ခုနှစ်။      ။ လက်တွေ့လုပ်ကိုင်နေသော သတင်းသမားများအတွက် အချိန်ပိုင်းသတင်းပညာသင်တန်းကို ရန်ကုန်နှင့် မန္တလေးတွင် စတင်ကျင်းပသည်။

မတ်လ-ဧပြီ ၂၀၁၅ ခုနှစ်။      ။ ရွေးကောက်ပွဲသတင်းပေးပို့ခြင်း အထူးသင်တန်းများကို မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပဲခူးနှင့် ပုသိမ်မြို့များတွင် ကျင်းပခဲ့ပြီး သင်တန်းသားစုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့သည်။

ဇန္န၀ါရီ ၂၀၁၅ ခုနှစ်။      ။ သင်တန်းနည်းပြဖြစ်သင်တန်းစတင်ခဲ့ပြီး အဆိုပါသင်တန်းမှာ ဇူလိုင် ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်သည်။

ဇွန်လ ၂၀၁၅ ခုနှစ်။       ။ အချိန်ပြည့် သတင်းစာပညာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၂၀၁၆ တွင် သင်တန်းပြီးဆုံးမည် ဖြစ်သည်။